ငါးထမင်းနယ်

Tuesday, November 5, 2013

~
 


စားလို့ကောင်းတဲ့ ငါးထမင်းနယ်ပါ။ တော်တော်များများ လုပ်တတ်ကြမယ် ထင်ပါတယ်။
လွယ်ကူမြန်ဆန်ပီး အရသာရှိသော ထမင်းတစ်ပွဲဆိုရင်လည်း မမှားပါဘူး။  



ပါဝင်ပစ္စည်းများ


    ထမင်းချက်ပြီးသား
    ခရမ်းချဉ်သီး ၂ လုံး
    ငါးတစ်ကောင်
    အာလူးအကြီး ၁ လုံး

    ပဲပုပ်ထောင်း အနည်းငယ်
    ကြက်သွန်ဖြူဆီချက်
    ဂျူးမြစ်
    ငရုပ်သီးတောင့်ကြော်
 



ပြင်ဆင်နည်း
 

    ထမင်းကို ခါတိုင်းချက်နေကျထက် ရေပိုထည့်ပြီး ချက်ထားပါ။
    ခရမ်းချဉ်သီးကို ဆနွင်းပါရုံမျှ ထည့်ကာ နူးအောင် အရင်ပြုတ်လိုက်ပြီး ချေထားလိုက်ပါ။

    ငါးကိုလည်း ဆား၊ ဆနွင်းထည့်ကာ ရေခမ်း ပြုတ်ပြီး အရိုးနွှင်ထားပါ။
    အာလူးအကြီးတစ်လုံးကို ပေါင်းလိုက်ပြီး ကြေအောင် ချေထားလိုက်ပါ။

    ရှမ်းပဲပုပ် ၂ ချပ်ခန့်ကို မီးကင်ကာ ကြေညက်အောင် ထောင်းပါ။
    ထမင်း၊ ခရမ်းချဉ်သီးအနှစ်၊ အာလူး နဲ့  ငါးများကို ရောမွှေကာ စေးပိုင်အောင်နယ်ပေးပါ။

    ဆား၊ ဟင်းခပ်မှုန့် သင့်ရုံထည့်ပါ။
    ထို့နောက် ကြက်သွန်ဖြူ ဆီချက်ဆမ်းကာ၊ ဂျူးမြစ်၊ ငရုပ်သီးတောင့်ကြော်တို့နှင့် တွဲဖက်သုံးဆောင်နိုင်ပါပြီ။

(မှတ်ချက် - EVY's Kitchen ရဲ့ စာမျက်နှာ http://www.evyfoodlover.com  မှာ တွေ့ရတဲ့ ချက်နည်းပြုတ်နည်း၊ ဓာတ်ပုံများကို ခွင့်ပြုချက်နဲ့ ကူးယူ ဖော်ပြပါတယ်။)



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved