သမ္မတ ဦးသိန်းစိန်နဲ့ အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန် တွေ့ဆုံ

Thursday, November 14, 2013

မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် သမ္မတဟောင်း မစ္စတာ ဘီလ်ကလင်တန်နဲ့ သမ္မတ ဦးသိန်းစိန် တို့ဟာ ဒီကနေ့ နံနက်ပိုင်းက နေပြည်တော်ရှိ သမ္မတအိမ်တော်မှာ တွေ့ဆုံနှုတ်ဆက်ကြပါတယ်။ 

 အမေရိကန် သမ္မတဟောင်း ဘီလ်ကလင်တန်နဲ့ သမ္မတ ဦးသိန်းစိန်၊ ဓာတ်ပုံ- ဦးရဲထွဋ်

အခုလို သမ္မတ ဦးသိန်းစိန်နဲ့ ဘီလ်ကလင်တန်တို့ တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ဘာတွေ ဆွေးနွေးပြောဆိုကြ တယ် ဆိုတာ အသေးစိပ်ထုတ်ပြန်မှုမလုပ်သေးပါဘူး။ 

ဘီလ်ကလင်တန်အနေနဲ့ မြန်မာပြည်ပထမဆုံး ခရီးစဉ်အဖြစ် ယမန်နေ့က စတင်ခဲ့တာဖြစ်ပြီး အခု ခရီးစဉ်အတွင်းမှာ မြန်မာ့နိုင်ငံရေး၊ လူမှုရေး စတဲ့ နယ်ပယ် အသီးသီးက လူတွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။ 



ဒီကနေ့ ညနေပိုင်းမှာပဲ နိုင်ငံရေးပါတီအပါအ၀င် မြန်မာ့နိုင်ငံရေး အင်အားစုတချို့က ကိုယ်စားလှယ်တွေနဲ့ 
မြန်မာ ငြိမ်းချမ်းရေး စင်တာမှာ တွေ့ဆုံဖို့ ရှိသလို မနက်ဖြန်မှာလည်း Park Royal ဟိုတယ်မှာ တိုင်းရင်း သား အဖွဲ့ အစည်း အသီးသီးက ကိုယ်စားလှယ်တွေ၊ နိုင်ငံရေးပါတီခေါင်းဆောင်တွေ၊ လူထုအခြေပြု လူမှုအဖွဲ့ အစည်းတွေနဲ့ တွေ့ဆုံသွားဖို့ ရှိပါတယ်။ 

ဘီလ်ကလင်တန် အမေရိကန် သမ္မတ တာဝန်ယူစဉ် ၁၉၉၇ ခုနှစ်က မြန်မာနိုင်ငံအပေါ် အမေရိကန်
ပြည်ထောင်စုက  စီးပွားရေး ဒဏ်ခတ် အရေးယူ ပိတ်ဆို့မှုတခုလည်း လုပ်ဆောင်ခဲ့ပါတယ်။ 

အခုတော့ မြန်မာ့ပြုပြင်ပြောင်းလဲမှုတွေကြောင့် အမေရိကန်ရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေလည်း 
ဖြေလျှော့ ရုပ်သိမ်းမှုတွေ ရှိလာပြီးနောက်ပိုင်း အခုလို ဘီလ်ကလင်တန်အနေနဲ့ လာရောက်ခြင်းဖြစ်ပါ တယ်။


လင်းသန့် ~

.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved