တုံးကျော်ဘ ဒေါက်တာထွန်းလွင်

Monday, December 16, 2013

~


မိုးလေဝသ သတင်းတွေ အွန်လိုင်းမှာ အချိန်နဲ့တပြေးညီဖော်ပြပေးနေတဲ့ ဒေါက်တာထွန်းလွင်က ကျန်းမာရေး ရုတ်တရက်ဆိုးရွားလာတဲ့အတွက် ဆေးရုံတင်ပြီး ကုသမှုခံယူခဲ့ရတယ်၊ အခုတော့ သက်သာသွားပြီလို့ သိရပါတယ်။

 




ဒီအကြောင်း ဒီမနက်စောစော သူ့ဖေ့စ်ဘုတ်မှာ တွေ့ရတာပါ။
သူ့ဖေ့စ်ဘုတ်မှာ တွေ့ရတဲ့အတိုင်း ကူးယူ ဖော်ပြပေးလိုက်ပါတယ်။ ဖြစ်ပျက်ပုံအသေးစိတ်၊ သူ့မိသားစုအနေအထား၊ သူ ဘောလုံးပွဲကြိုက်တတ်ပုံတို့ကို သူ့စာတိုလေးထဲမှာ ဖတ်ရပါလိမ့်မယ်။


အခုအချိန်မှာတော့ ပင်လုံဆေးရုံကြီးမှတစ်ဆင့် အာရှတော်ဝင်ကိုရောက်နေပါပြီ။ သက်သာပါတယ်။
တစ်သက်တာမှာ အဆိုးဆုံး ခံစားရဖူးခြင်းပါဘဲ။

အသိတွေ သတိတွေရှိပေမယ့် ရေနစ်နေသလိုပါဘဲဗျာ။ အသက်ကိုမနည်းလုလိုက်ရပါတယ်။

မသေသေးချင်တော့ အပြင်ဧည့်ခံပွဲ(၂)ပွဲဆက်တိုက်သွားနေတဲ့ သမီးကြီးဆရာဝန်က ပထမဧည့်ခံပွဲအပြီး အိမ်ပြန်ဝင်အလာနဲ့ကြုံကြိုက်သွားလို့ အသက်ရှင်ခွင့်ရလိုက်တာပါ။

သမီးကြီးဆရာဝန်မရဲ့ ရှေးဦးTreatment နဲ့ သူ့အမျိုးသား သားမက်ကြာင့် ပင်လုံဆေးရုံကြီးကို အချိန်မီရောက်သွား၊ အောက်ဆီဂျင်ပေး နဲ့မို့ တုံးကျော်ထီးကြီး တစ်ခါထပ် ဖြစ်သွားရပြန်ပါတယ်။
ဘယ်နှစ်ခါများ တုံးကျော်နှိုင်ပါ့မလည်း။

ဇနီး နဲ့ သမီးငယ် တို့ကိုလည်း ကျေးဇူးတင်ပါတယ်.။

သေချာတာကတော့ ကျွန်တော် နယ်ပောာပွဲတွေ မလိုက်နှိုင်တော့ပါဘူး။ စိတ်မကောင်းပါဘူးဗျာ။
တိအမယ်..ဒါသာဖြစ်တာ၊ ဆေးရုံပေါ်မှာ သတိရရခြင်း မေးလိုက်မိတယ်။
"ဘယ်သူနိုင်သွားသလည်း" လို့။

ဒေါက်တာထွန်းလွင်

ကုသမှုအချိန်မီရခဲ့တဲ့အတွက် တုံးကျော်ထီးကြီးဖြစ်သွားပြီလို့ ဒေါက်တာထွန်းလွင်ကဆိုထားပါတယ်။
အငြိမ့်မင်းသမီးကြီး လေဘာတီမမြရင်ရဲ့ တုံးကျော်မ လေဘာတီသီချင်းထဲကစကားလုံးကို အကွက်ကျကျ ပြန်သုံးထားပါတယ်။  သီချင်းထဲမှာ မမြရင်က ... တုံးကျော်သွားပြီ၊ ကျန်းမာပါတယ် ဆိုတဲ့သဘောမျိုး သီဆိုထားပါတယ်။




 
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved