ရာဇဝင်ရှင်းတမ်း ( ဝင်းနိုင်ဦး ) စာအုပ်ထွက်မယ်

Wednesday, December 25, 2013

နိုင်ငံရေးအကျဉ်းသားဟောင်း ကိုဝင်းနိုင်ဦးရဲ့ ရာဇဝင်ရှင်းတမ်း စာအုပ်ကို နောက်ထပ် ကိုဝင်းနိုင်ဦးက အခုလို သူ့ဖေ့စ်ဘုတ်ကနေတဆင့်  ကြော်ညာထားတာက စိတ်ဝင်စားဖွယ်တွေကို ဖော်ညွှန်းပြနေပါတယ်။ 

စာအုပ်မျက်နှာဖုံး

ကဲ...ကြော်ငြာလိုက်ပြီ။ စာအုပ်။ 

“တကယ်တော့ သူတို့ (နိုင်ငံရေးအကျဉ်းသားတွေဟာ)ဥပဒေကို ချိုးဖောက်ခဲ့ကြပါတယ်။ သူတို့မှာ အပြစ်ရှိ ပါတယ်” “တကယ်လို့ အစိုးရက ခင်ဗျား ဥပဒေကို ချိုးဖောက်တယ် လို့ ယူဆမယ်၊ အပြစ်ပေးမယ် ဆိုရင် ခင်ဗျားဟာ အပြစ်ရှိလို့ပဲ။ ဒါကို ကန့်ကွက်ဖို့ အကြောင်းမရှိပါဘူး” 

“ကျနော်က ဘယ်သူ့ကို တောင်းပန်ရမှာလဲ” စသဖြင့် နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ်သက်လို့ သူ့ အင်တာဗျူး စာအုပ်မိတ်ဆက်ပွဲမှာ ပြောသွားလေတဲ့ ထောက်လှမ်းရေးအကြီးအကဲ(ဟောင်း) ဦးခင်ညွန့် အင်တာဗျူးစာအုပ် ထွက်တယ်။ 

ဦးခင်ညွန့်ရဲ့ ပြောကြားချက်တွေနဲ့ ပတ်သက်လို့ NLD ဦးဝင်းတင်ရဲ့ ရှင်းလင်းဝေဖန်သုံးသပ်ချက်တွေ ထွက်တယ်။ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် သံလျင်ရေနံချက်စက်ရုံ ဗုံးပေါက်ကွဲမှုမှာ မတရားအဖမ်းဆီး ခံရသူတွေရဲ့ ရင်တွင်းအသံတွေ ထွက်တယ်။ 

ဒီကိစ္စနဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်ရဲ့ တုံ့ပြန်ပြောဆိုချက်တွေ ထွက်တယ်။ မြန်မာဘောလုံး အသင်းတွေ လည်း ထွက်တယ်။ ကျနော့်စာအုပ်လည်း ထွက်ပါပြီ။ (ဆိုင်ဆိုင် မဆိုင်ဆိုင် ဆိုင်ဖြစ်အောင်ကို ဆွဲဆိုင်ပြစ်လိုက်ပြီ။) 

‘ရာဇဝင်ရှင်းတမ်း’။

 ‘ငါတို့စာပေတိုက်’။ 

‘မျက်နှာဖုံးပုံ ပန်းချီမုတ်သုံ’။ 

‘အတွင်းသရုပ်ဖော်ပုံများ ပန်းချီမင်းကျော်ခိုင်’။ 

ဒီစာအုပ်က အတော်များများသိတဲ့ကြအတိုင်း လွန်ခဲ့တဲ့ ၁၂ နှစ်လောက်က ပြည်တွင်းမှာ ဘယ်လိုမှ 
ဖော်ပြခွင့် မရနိုင်တဲ့ အမျိုးအစားမျိုးဖြစ်တဲ့အတွက် ပြည်ပမှာ ထုတ်ဝေခဲ့တဲ့စာအုပ်ပါ။ 

စစ်အစိုးရခေတ် ထောက်လှမ်းရေးစစ်ကြောရေးစခန်းမှာ ကျနော်ကြုံခဲ့တဲ့ အတွေ့အကြုံ၊ အဲဒီခေတ် အကျဉ်းထောင် အခြေ အနေတွေ အကြောင်းနဲ့အတူ ရေထဲမိုးထဲကာလတွေအတွင်း ကျနော်ရေးသားပြီး ဗကသလူငယ်တွေ ဖြန့်ဝေခဲ့တဲ့ စာတမ်း တချို့ပါဝင်တဲ့ ကျွန်တော်ရဲ့ “လူငယ်တစ်ဦးရဲ့ မှတ်တမ်းမဲ့ မှတ်တမ်း” ကို ပြည်တွင်းစာအုပ်တိုက် တစ်တိုက်က ပြန်ထုတ်တာ ပါ။ 

ပထမအကြိမ်ထုတ်တုန်းက အကျဉ်းထောင်နဲ့ ထောင်အပြင် (ပြည်တွင်း)မှာ ရှိနေသေးတဲ့ သက်ဆိုင်သူတွေ မင်းဘေး စိုးဘေး သင့်မှာ စိုးရိမ်တာနဲ့ ချန်ရစ်ခဲ့အကြောင်းအရာ တချို့၊ (အချက်အလက်တွေ ခိုင်လုံ ထင်ရှားစေနိုင်ပေမယ့်လည်း ဖြုတ်ထား ပြောင်းထားခဲ့တဲ့) နာမည်တချို့ကို ပြန်လည် ဖြည့်စွက် ဖော်ပြ တည်းဖြတ်ထားပါတယ်။ (ဒါပေမယ့် စာအုပ်ကို ခုထိ ကျနော် မတွေ့ရသေးပါ။ 

လွန်ခဲ့တဲ့တစ်လလောက်က အီးမေးလ်နဲ့ ပို့ပေးလာလို့ ရထားတဲ့ မျက်နှာဖုံးပုံကိုတော့ ဖော်ပြလိုက်ပါတယ်။) ၂၀၁၁၊ ၁၂ လောက်က စပြီး စစ်အစိုးရခေတ် ထောက်လှမ်းရေးအကြောင်း၊ ထောင် အကြောင်း ရေးသား
ဖော်ပြချက်တွေ စာအုပ်တွေ ပြည်တွင်းမှာ အတော်များများ ထွက်လာပါတယ်။ 

ခုတစ်ကြိမ် မြန်မာပြည်တွင်းမှာ ကျနော့်စာအုပ်ကို ပြန်ထုတ် ဖြစ်တာကတော့ ပြည်ပမှာ ကျွန်တော်ထုတ် ထား တဲ့ စာအုပ် တွေ လည်း လက်ကျန် မရှိတော့တာရယ်၊ ပြီးတော့ ကျနော် ရေးခဲ့တာက ကိုယ်တွေ့ ပုံစံလည်းပါ၊ အစီရင်ခံစာပုံစံ မှတ်တမ်း ပုံစံလိုလည်း ဖြစ်၊ ၈၈ ကာလနိုင်ငံရေးအနေအထားတွေကိုလည်း ထင်ဟပ်နေတဲ့အတွက် တခြားစာအုပ်တွေနဲ့ မတူ ခြား နားချက်တွေ ရှိနေတာရယ်ကြောင့် ပြည်တွင်းက ချစ်သောမိတ်ဆွေများရဲ့ အကြံပြုချက်အရ ထုတ်ဖြစ်တာပါ။ 

‘ကျွန်တော့ဖွဲ့’ မဟုတ်ပါ။ ‘အားလုံးဖွဲ့’ ဖြစ်ပါတယ်။ 


စိတ်ဝင်စားဖွယ် သမိုင်းနောက်ခံတွေပါတဲ့ စာအုပ်ကောင်းတအုပ်ဖြစ်ပါတယ်။ 





.

 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved