အားလပ်ရက်တွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှောင့်နှေး

Tuesday, December 3, 2013

~


အလုပ်အကိုင် အကြံအစည်တွေပျက်ရခြင်း၊ နှောင့်နှေးရခြင်းဟာ အိမ်ရှေ့က ငှက်ပျောပင်ကြောင့်၊ ကြာသပတေးဖွားမိတ်ဆွေတဦးကြောင့်၊ အိမ်ထဲကို မြောက်အရပ်က၀င်လာတဲ့ငှက်တကောင်ကြောင့် စသဖြင့် စသဖြင့် အကြောင်းတရားတွေ ရှိပါလိမ့်မယ်။

 


ရှမ်းပြည်မြောက်ပိုင်း တောတွင်းတနေရာမှာ တွေ့ရတဲ့ ပလောင်တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့ဝင် ၂ ဦး (ဓာတ်ပုံ - ကျော်ခ/ဧရာဝတီ)

 မြန်မာပြည်မှာ လူပြောများနေတဲ့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှောင့်နှေးဖွယ်ရှိရတဲ့အကြောင်းရင်းကတော့ အားလပ်ရက်တွေကြောင့်ပါလို့ ဆိုပါတယ်။

ဧရာဝတီသတင်းတပုဒ် ဖြစ်တဲ့  Holidays to Likely Delay Burma Ceasefire Talks ကို ဖတ်ရင် အဲဒီအကြောင်း သိရပါလိမ့်မယ်။
မူရင်းလင့်က http://www.irrawaddy.org/burma/holidays-likely-delay-burma-ceasefire-talks.html ဖြစ်ပါတယ်။

တိုင်းရင်းသားသူပုန်ကိုယ်စားလှယ်အဖွဲ့ (NCCT) နဲ့ အစိုးရတို့ ဒုတိယအကြိမ် တွေ့ဆုံရေးဟာ ဒီလထဲ ဖြစ်မြောက်ဖို့ စီစဉ်ထားပေမယ့် တွေ့ဖြစ်ကြဦးမယ် မထင်ပါဘူး တဲ့။

ပြီးခဲ့တဲ့လ ကချင်ပြည်နယ် မြစ်ကြီးနားမြို့မှာ နှစ်ဘက် တွေ့ဆုံတုန်းကတော့ ဒီဇင်ဘာထဲ ကရင်ပြည်နယ် ဘားအံမြို့မှာ ဆွေးနွေးဖို့ သဘောတူထားခဲ့ကြတာပါ။

NCCT ဆိုတာကို ကချင်ပြည်နယ်မှာ  တွေ့ဆုံတုန်းကတော့ ဖွဲ့ခဲ့တာပါ။
တနိုင်ငံလုံး အပစ်ရပ်ရေး အထမြောက်ဖို့အတွက် ဒီအဖွဲ့က  အစိုးရနဲ့ ဆက်သွယ်ညှိနှိုင်းဆောင်ရွက်ပါလိမ့်မယ်။

စောစောက ဆိုခဲ့တဲ့ ဘားအံမြို့ ဆွေးနွေးပွဲဆိုတာကို ကရင်အမျိုးသားအစည်းအရုံး - KNU က အဓိက စီစဉ်ပါမယ်။
ဒီဇင်ဘာ ၂၀ မှာ ဆွေးနွေးပွဲ ဖြစ်နိုင်မယ်ဆိုတဲ့ KNU ရဲ့ ခန့်မှန်းချက် ရှိခဲ့ပါတယ်။   သို့သော်လည်း KNU ဆီက ဖိတ်စာ ရောက်မလာသေးဘူး လို့ တိုင်းရင်းသားအဖွဲ့တခုက ထောက်ပြပါတယ်။

KNU ခေါင်းဆောင်များ အလုပ်များနေဟန်တူပါတယ်။

ဖိတ်စာ ရောက်မလာသေးကြောင်းကို ငြိမ်းချမ်းရေးအကျိုးဆောင်တဦးကလည်း တနင်္လာနေ့မှာ ပြောပြပါတယ်။ ဆွေးနွေးညှိနှိုင်းနေကြဆဲဖြစ်ဟန်တူတယ် လို့ သူက ဆိုပါတယ်။

ဒီမှာက ဒီဇင်ဘာ ၂၃ ကနေ ဇန်န၀ါရီ ၅ ရက်နေ့အထိက ခရစ်စမတ်နဲ့ နှစ်သစ်ကူးအားလပ်ရက်တွေပါ၊ အဲဒီအချိန်အတောအတွင်းမှာ အစည်းအဝေးခေါ်ကြဖို့ ဆိုတာကတော့ ခက်ပါလိမ့်မယ် လို့ သူက ဆက်ပြောပါတယ်။

ဒီတော့ ...  ဆိုခဲ့သလိုပါပဲ အားလပ်ရက်တွေကြောင့် ငြိမ်းချမ်းရေးဆွေးနွေးပွဲ နှောင့်နှေးရဖွယ်ရှိနေပါတယ်။

Holidays to Likely Delay Burma Ceasefire Talks
http://www.irrawaddy.org/burma/holidays-likely-delay-burma-ceasefire-talks.html



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved