ရန်ကုန်- ဘန်ကောက် နေ့ချင်းရောက် ၂ ထပ်ဘတ်စ်ကားပြေးဆွဲမယ်

Wednesday, December 18, 2013

ရန်ကုန်- ဘန် ကောက် ၂ ထပ် အဲယားကွန်း ဘတ်စ်ကားတွေ ပြေးဆွဲပေးတော့ပါမယ်လို့သိရပါတယ်။ 

 ဘန်ကောက်က ခရီးသည်ပို့ဆောင်ရေး ကုမ္ပဏီတခုက ၂ ထပ်အဲကွန်းဘတ်စ်ကား၊ ဓာတ်ပုံ-vntbusinessgroup

Yangon Air Bus Taxi ဆိုတဲ့ မော်တော်ယာဉ်လိုင်းသစ်ကနေ လာမယ့် ၂၀၁၄ ခုနှစ် မြန်မာ-ထိုင်း နှစ်သစ် ကူး ပွဲတော် အမီ ပြေးဆွဲသွားမယ့် လူ ၁၂၀ ဆန့်တဲ့၂ ထပ် အဲကွန်း ဘတ်စ်ကားတွေနဲ့ မြန်မာနိုင်ငံသား ခရီးသည် တဦးကို ကျပ် ၃ သောင်း၊ နိုင်ငံခြားသား ခရီးသည် တဦးကို အမေရိကန်ဒေါ်လာ ၄၀ နှုန်းနဲ့ပြေး ဆွဲပေးမှာဆိုတဲ့ အကြောင်း ဒီကနေ့ထုတ် ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 

ခရီးစဉ်ကတော့ ရန်ကုန်- သထုံ- ဖားအံ- ကော့ကရိတ်- မြဝတီ- မဲဆောက်- ဘန်ကောက်ဖြစ်ပြီး မောင်းနှင် ချိန် ၁၂ နာရီနဲ့ နေ့ချင်း အရောက် ပို့ဆောင်ပေးမှာဖြစ်တယ်လို့ ဆိုပါတယ်။ 

ထူးခြားတာက သတင်းစာပါ ဖော်ပြချက်အရ မဲဆောက်ကနေ နေ့လယ် ၂ နာရီ မှာ ဘန်ကောက်ကို ဆက်ထွက်မယ့် ကားဟာ ညနေ ၆ နာရီမှာ ဘန်ကောက်ကို ရောက်မယ်ဆိုတာပါဘဲ။ 

မဲဆောက်- ဘန်ကောက်ဟာ ခရီးသည်တင် ၂ ထပ် အဲကွန်းဘတ်စ်ကားကြီးတွေ အနည်းဆုံး ၈ နာရီနဲ့ ၉ နာရီလောက် မောင်းကြပါတယ်။ စဉ်းစားစရာ တခုပါ။ မှားယွင်းဖော်ပြမှုလည်း ဖြစ်နိုင်ပါတယ်။ 

မြန်မာနိုင်ငံကနေ ထိုင်းနိုင်ငံ ဘန်ကောက်ကို ဈေးဝယ်ထွက်ချင်သူ၊ အလည်သွားချင်သူတွေနဲ့ ထိုင်းနိုင်ငံက တဆင့် မြန်မာနိုင်ငံ ရန်ကုန်မြို့ကို ဘတ်စ်ကားနဲ့ အလည်သွားချင်သူတွေ၊ ခရီးလမ်း တလျှောက် 
တောတောင် သဘာဝအလှတွေကို ကြည့်ရှု ခံစားလိုသူတွေအတွက် သတင်းကောင်း တပုဒ် ဖြစ်ပါလိမ့် မယ်။ 


အိမ့်သံစဉ် ~ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved