သူရ ဦးရွှေမန်း ကမ္ဘောဒီးယားကို သွား

Saturday, December 21, 2013

ပြည်ထောင်စု လွှတ်တော်နာယက ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း ဦးဆောင်တဲ့ အဖွဲ့တဖွဲ့ဟာ ကမ္ဘောဒီးယား နိုင်ငံကို ချစ်ကြည်ရေး ခရီးအဖြစ် ဒီဇင်ဘာလ ၁၉ ရက်နေ့ည က သွားရောက်ခဲ့ပါတယ်။ 

 ဖနွမ်းပင် လေဆိပ်သို့ ရောက်စဉ် ကြိုဆိုနှုတ်ဆက်သူများနှင့်အတူတွေ့ရတဲ့ သူရ ဦးရွှေမန်း၊ ဓာတ်ပုံ- ကြေးမုံ

ကမ္ဘောဒီးယား၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ H.E. Mr. Samdech Akka Moha Ponhea Chakrei Heng Samrin ရဲ့ ဖိတ်ကြားချက်နဲ့ သွားခဲ့တာဖြစ်ပြီး လွှတ်တော်တာဝန်ရှိ ပုဂ္ဂိုလ်တွေ၊ ကမ္ဘောဒီးယား ထိပ်တန်း အရာရှိတွေနဲ့ တွေ့ဆုံပါတယ်။ 

အဲဒီလို တွေ့ဆုံဆွေးနွေးမှုတွေထဲမှာ မြန်မာ- ကမ္ဘောဒီးယား ၂ နိုင်ငံသားတွေအနေနဲ့ သာမန် နိုင်ငံကူး လက်မှတ် ကိုင်ဆောင်ထားသူတွေအတွက်ပါ ကမ္ဘောဒီးယား- မြန်မာ အပြန်အလှန် ဗီဇာကင်းလွတ်ခွင့် သဘောတူမှု လုပ်ခဲ့ တယ်လို့ ကမ္ဘောဒီးယား အခြေစိုက် သတင်းဌာနတခုက ဆိုပါတယ်။ 

သူရ ဦးရွှေမန်းဟာ ကမ္ဘောဒီးယား ဘုရင့်နန်းတော်နဲ့ ဖနွမ်းပင် မြို့တော် မှာ ရှိတဲ့ အမျိုးသား ပြတိုက်ကို လည်း သွားရောက်လည်ပတ်ဖို့ ရှိသလို နာမည်ကျော် အန်ကောဝပ် ဘုရားကျောင်းကိုလည်း သွားရောက် လည်ပတ် မှာဖြစ်တယ်လို့ သိရပါတယ်။ 



အိမ့်သံစဉ် ~ 



0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved