ဝန်ကြီးဦးအောင်မင်းတို့အဖွဲ့ ထိုင်းဘုရင်ရဲ့စံပြကျေးရွာကိုလေ့လာ

Sunday, December 29, 2013



မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်းနိုင်ငံ ဘုရင်မင်းမြတ်ရဲ့ ကျေးလက်ဖွံ့ဖြိုးရေး စံပြဒေသကို သွားရောက်လေ့လာခဲ့ပါတယ်။ 

 မြန်မာကိုယ်စားလှယ်အဖွဲ့ ထိုင်းဘုရင်ရဲ့ စံပြကျေးရွာ ကိုသွားရောက်လေ့လာစဉ်၊ ဓာတ်ပုံ- ဦးညိုအုန်းမြင့် ဖေ့စ်ဘုတ်


လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေနဲ့ တွေ့ပြီး တနိုင်ငံလုံး အတိုင်းအတာနဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ထိုးနိုင်ရေး မူကြမ်းတွေ တိုင်ပင်ရွေးဆွဲနိုင်ဖို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ကို ရောက်နေတဲ့ သမ္မတ ရုံး ဝန်ကြီး ဦးအောင်မင်းနဲ့ လဝက ဝန်ကြီး ဦးခင်ရီတို့ ပါဝင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ထိုင်း ဘုရင် မင်းမြတ်ရဲ့ ကျေးလက်ဒေသဖွံ့ဖြိုးရေး ကျေးရွာဖြစ်တဲ့ Waihoung Khaung ကို မနေ့က သွားရောက်လေ့ လာခဲ့ပါတယ်။ 


ဦးအောင်မင်း၊ ဦးခင်ရီနဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ဟာ ချင်းမိုင်မြို့ မဲတန် က ဆင်စခန်းကိုလည်း သွားရောက် လေ့လာခဲ့တာကို ဦးညိုအုန်းမြင့် ဖေ့စ်ဘုတ်ကတဆင့် သိရပါတယ်။ 






အိမ့်သံစဉ် ~





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved