မလေးရှားက မြန်မာအလုပ်သမားတွေ အရေး ဘယ်လိုရှိနေလဲ

Monday, December 30, 2013

မလေးရှားနိုင်ငံ ဆာရာဝပ်ပြည်နယ် မီရီမြို့ ရှိ မြန်မာအလုပ်သမားတွေကို မြန်မာသံရုံး အရာရှိများနှင့် မလေးရှား အလုပ်သမားအေဂျင်စီ တာဝန်ရှိသူများတွေ့ဆုံမယ်လို့ ပြန်ကြားရေး ဝန်ကြီးဌာန စာမျက်နှာက ဖော်ပြပါတယ်။ 


 မလေးရှားက စတုတ္ထအသုပ်ပြန်လာတဲ့ မြန်မာအလုပ်သမားတချို့၊ ဓာတ်ပုံ- ဧရာဝတီ

မလေးရှားရှိ မြန်မာသံရုံးမှ မြန်မာ အလုပ်သမားဆိုင်ရာ သံအရာရှိ ဦးစိုးဝင်း၊ မြန်မာသံရုံးအရာရှိတစ်ဦး၊ (မြန်မာ အလုပ် သမားတွေကို စေလွှတ်လိုက်တဲ့ မလေးရှားအလုပ်သမား အေဂျင်စီက လူတွေဟာ ဒီဇင်ဘာ ၂၇ ရက်က ကွာလာလမ်ပူ ကနေ ဆာရာဝပ်ပြည်နယ်ကို သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

ဆာရာဝပ်ပြည်နယ် မြို့တော် ကူချင်းကနေ ဒီဇင်ဘာ ၂၈ ရက်က အခက်အခဲဖြစ်နေတဲ့ စက်ရုံရှိရာကို သွားခဲ့တယ်လို့လည်း သိရပါတယ်။ 

“တွေ့တဲ့အခြေအနေပေါ်မှာ မူတည်ပြီးတော့ ပြောမှရမှာ၊ အခုလော လောဆယ်ကတော့ အမျိုးမျိုးပြော
နေကြတာ၊ အလုပ် သမား ဘက်က တစ်မျိုး ပြောလိုက်၊ အလုပ်ရှင် ဘက်က တစ်မျိုးပြောလိုက်၊ မီဒီယာတွေ ကပြောလိုက် ဆိုတော့ သူတို့ စာချုပ် ချုပ်ထားတာ ဘယ်လို ချုပ်ထား တာလဲ၊ ဒီစာချုပ်တွေကို ကျွန်တော်တို့က ကြည့်ပြီးတော့မျက်နှာချင်းဆိုင် တွေ့ပြီး တော့မှ မေးမြန်းပြီး စာရွက် တွေ ထုတ်ခိုင်းပြီးတော့ဒါမှ ညှိလို့ရမှာ” ဟု မြန်မာ အလုပ်သမား ရေးရာတာဝန်ခံ ဦးစိုးဝင်း၏ ပြောကြား ချက်ကို မလေးရှားရောက် မြန်မာများက ပြောကြားခဲ့တယ်လို့ ပြန်ကြားရေး စာမျက်နှာက ဖော်ပြထားပါတယ်။ 

သက်ဆိုင်ရာ မြန်မာအလုပ်သမားအရေး ကူညီဖြေရှင်းမယ့် အဖွဲ့ဟာ မြန်မာအလုပ်သမားတွေရဲ့ အခွင့်အရေး၊ လုံခြုံမှု ကို ညှိနှိုင်းလျက်ရှိတယ်လို့ ဆိုပါသေးတယ်။ မလေးရှားရောက် မြန်မာ ဇနီးမောင်နှံ ၂ ဦး ကလည်း မြန်မာအလုပ်သမားတွေအတွက် ဆန်တွေ လှူဒါပေးလို့ အစား အသောက် အခက်အခဲ ပြေလည်နေပြီလို့လည်း သိရပါတယ်။ 

“မလေးရှားနိုင်ငံအရှေ့ခြမ်း ဆာဗား၊ ဆာရာဝပ် (Sabah , Sarawak) ဒေသ၊ ဘရူနိုင်းနိုင်ငံနှင့် အရှေ့ မလေးရှား ဆက် သွယ် နေသော အာဆီယံ တံတားဘေး မီရီမြို့အစွန်ရှိ သင်္ဘောကျင်းတွင် သွားရောက် လုပ်ကိုင်နေသော မြန်မာအလုပ် သမား စုစုပေါင်း ၉၇ ဦးမှာ အင်ဒိုနီးရှားနိုင်ငံသား အလုပ်သမားများ၏ ရန်ပြုမှုများကြောင့် ပိတ်မိနေကြရပြီး မြန်မာ အလုပ် သမား ၉၇ ဦးကို မလေးရှား နိုင်ငံဆိုင်ရာ မြန်မာ သံရုံးက သံအရာရှိ များနှင့် အလုပ်သမား အေဂျင်စီမှ ကိုယ်စားလှယ် များ က ယင်း ကဲ့သို့သော အစီအစဉ်များ စီစဉ်ဆောင်ရွက်ထားရှိကြောင်း မလေးရှားရောက် မြန်မာများ၏ ပြောကြားချက်အရ သိရသည်”လို့ လည်း 
ပြန်ကြားရေး စာမျက်နှာက ဆိုပါတယ်။ 




အိမ့်သံစဉ် ~ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved