aရကူးပြိုင်ပွဲ ပထမနေ့ တတိယပွဲစဉ် အမျိုးသမီး မီတာ(၁၀၀) အလွတ်ကူးပြိုင်ပွဲတွင် ထိုင်းနိုင်ငံ အသင်း ရဲ့ ရွှေတံဆိပ်ရရှိမှုမှာ အငြင်းပွားစရာ ဖြစ်ခဲ့ကြောင်း မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ်မှ သိရသည်။
ဆီးဂိမ်း တွင် အမျိုးသမီး ရေးကူးပြိုင်ပွဲတခု၊ ဓာတ်ပုံ-ဆီးဂိမ်းစာမျက်နှာ
ယင်းရလဒ်ကို ထိုင်းနိုင်ငံအသင်းက ကန့်ကွက်ရာ အပြည်ပြည်ဆိုင်ရာ ရေကူးအဖွဲ့ချုပ်မှ ဂျူရီလူကြီးများ၏ ဆုံးဖြတ်ချက်ဖြင့် အသင်းမန်နေဂျာအားလုံးကို အစည်းဝေးခေါ်ယူ ညှိနှိုင်းခဲ့ပြီး ယင်းပွဲစဉ်ကို ပြန်လည်ယှဉ် ပြိုင်ရန် သဘောတူညီခဲ့ရာ ထိုင်းအသင်းက ပထမ ပန်းဝင်ပြီး ရွှေတံဆိပ်ရရှိခဲ့ပြီး ဒုတိယ ငွေတံဆိပ်ကို စင်ကာပူ နှင့် တတိယ ကြေးတံဆိပ်ကို ဖိလစ်ပိုင်နိုင်ငံတို့က ရရှိခဲ့သည်။
“ နိုင်ငံခြားသားဒိုင်က တာလွှတ် ခလုတ်ကို နှစ်ချက်သွားနှိပ်မိတော့ ထိုင်းက Complain တက်တယ်။ သူ က ရွှေရဖို့ သေချာပြီးသားလို့ ပြောတယ်။ အဲဒါနဲ့ ဒိုင်ချုပ် ၊ ဂျူရီလူကြီးတွေရဲ့ အဆုံးအဖြတ်နဲ့ ပွဲပြန်လုပ်တာ ထိုင်းကရွှေပြန်ရသွားတယ်”ဟု မြန်မာနိုင်ငံရေကူးအဖွဲ့ချုပ် အတွင်းရေးမှူး ဦးမျိုးဝဏ္ဍထွန်းက ပြောသည်။
ရေကူးပြိုင်ပွဲတွင် ပါဝင်သော နိုင်ငံများမှာ အင်ဒိုနီးရှား ၊ မြန်မာ ၊ ထိုင်း ၊ စင်ကာပူ ၊ ဖိလစ်ပိုင် ၊ ဗီယက်နမ် ၊ ကမ္ဘောဒီယား ၊ လာအိုနှင့် မလေးရှားနိုင်ငံတို့ ဖြစ်သည်။
ဒီနေ့ နောက်ဆုံး ရရှိတဲ့ သတင်းအချက်အလက်တွေအရ အခု ဆီးဂိမ်ပြိုင်ပွဲမှာ မြန်မာက ရွှေတံဆိပ်ဆု ၅၂ ခုနဲ့ ဒုတိယနေရာ ပြန်တက်လာခဲ့သည်။ လွန်ခဲ့သည့် ရက်ပိုင်းက ဒုတိယနေရာမှ တတိယ၊ စတုတ္ထနေရာ အထိ အဆင့် ကျဆင်းနေခဲ့ရာ ဒီနေ့ နေ့လယ် မြန်မာစံတော်ချိန် ၁ နာရီကျော် ထုတ်ပြန်ချက်အရ အခုလို ဒုတိယ အဆင့်ပြန်ရောက်လာခြင်းဖြစ်သည်။
ထက်နိုင်ဇော် ~
0 comments :
Post a Comment