ယုဒသန် နှစ် ၂ဝဝ ပြည့် ရန်ကုန်မှာ စည်ကားစွာ ကျင်းပ

Friday, December 6, 2013

မြန်မာနိုင်ငံ နှစ်ခြင်းခရစ်ယာန် အသင်းချုပ်က ကြီးမှူးကျင်းပသည့် ဆရာယုဒသန် ၏ မြန်မာပြည် နှစ်ခြင်း သာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း ဓမ္မသဘင်ကို ဖွင့်ပွဲကို ယနေ့ ဒီဇင်ဘာလ ၅ ရက်
နေ့ နေ့လယ် ၁ နာရီတွင် ရန်ကုန် အလုံမြို့နယ်ရှိ ဧရာဝတီ ပိုးကရင်ကွင်း ဘုရားကျောင်းဝန်းကြီးထဲ၌ ကျင်းပခဲ့ပါတယ်။

မြန်မာနိုင်ငံနှစ်ခြင်း ခရစ်ယာန်အသင်းချုပ် သာသနာနှစ် ၂၀၀ ပြည့် ကျေးဇူးတော် ချီးမွမ်းခြင်း အခမ်းအနား ဖွင့်လှစ်နေစဉ် ဓာတ်ပုံ - ဂျေပိုင် / ဧရာဝတီ 

ဆရာ ယုဒသန်၏ မြန်မာပြည် နှစ်ခြင်းသာသနာနှစ် ၂၀၀ ပြည့် ဓမ္မသဘင် ဖွင့်ပွဲဝတ်ပြုခြင်း အခမ်းအနား သို့ မြန်မာနိုင်ငံ သာသနာရေး ၀န်ကြီး ဦးဆန်းဆင့်၊ ရန်ကုန်တိုင်း ဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေအပါ အ၀င် ၀န်ကြီးဌာန အသီးသီးရှိ ၀န်ကြီးများနှင့် ပြည်တွင်းပြည်ပ နိုင်ငံများရှိ အနယ်နယ် အရပ်ရပ်မှ နှစ်ခြင်း မိတ်ဿဟာရ အဖွဲ့ ဝင် သုံးရာကျော်၊ ပြည်ပ ဧည့်သည် တရာကျော်ခန့် တက်ရောက် ခဲ့ကြတာ ကို တွေ့ ရပါတယ်။





ဓမ္မသဘင်ကြီး၏ အဓိကအချက် အနေဖြင့် “အလိုတော်သည် မြန်မာနိုင်ငံ၌ ပြည့်စုံပါစေသော်” ဆိုသော အချက်နှင့် “ထာဝရဘုရားသခင် သည် နိုင်ငံသူ နိုင်ငံသားများနှင့် နိုင်ငံတော်ကို ဦးဆောင်လျှက် ရှိကြ တဲ့  နိုင်ငံတော်သမ္မတကြီးနှင့် တကွ ခေါင်းဆောင်များ၊ ၀န်ကြီးဌာန အသီးသီးမှ တာဝန်ရှိသူများ၊ အသင်းတော်များမှ ခေါင်းဆောင်များ၊ အသင်းသူ အသင်းသားများ၊ ပြည်ပရောက် မြန်မာခရစ်ယာန်များ အားလုံးကို ကြွယ်ဝစွာ ကောင်းချီး ပေးတော်မူလျှက် နိုင်ငံ့တာဝန်ကို ဆထက်ထမ်းပိုး သယ်ပိုးဆောင် ရွက် နိုင်ပါစေ” ဟူ၍ လည်းကောင်း၊ “နိုင်ငံတော် အစိုးရနှင့် နိုင်ငံသူနိုင်ငံသား အားလုံး မျှော်မှန်းထား သည့် အေးချမ်းသာယာသည့် နိုင်ငံတော်ကြီး ဖြစ်လာပါစေကြောင်း” ဟူ၍ လည်းကောင်း စသည်တို့ကို သိက္ခာတော်ရ ဓမ္မသဘင် ဂုဏ်ဆောင် သဘာပတိ ဆရာ စမ်စန်က ပြောကြားခဲ့ပါတယ်။


အနယ်အနယ် အရပ်ရပ်ရှိ အသင်းတော်များမှ အသင်းသူ အသင်းသားများ စုံလင်စွာ စုပေါင်းပြီး ဓမ္မသဘင် သို့ တက်ရောက် လာသည်ကို ၀တ်စားဆင်ယင်မှု ပုံစံ၊ ရိုးရာဝတ်စုံ အမျိုးမျိုးနှင့် တွေ့ မြင်ရပါတယ်။

ဒီအကြောင်း သတင်းအပြည့်အစုံကိုလည်း  ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ သတင်းထောက် ခိုင်ပြည့်စုံ
ရေးသား တင်ပြထားတဲ့ ယုဒသန် နှစ် ၂၀၀ ပြည့် အောက်မေ့ဖွယ် အခမ်းအနား ကျင်းပ ဆိုတဲ့ သတင်းမှာ အပြည့်အစုံ ဖတ်နိုင်ပါတယ်။ 

 ယုဒသန် နှစ် ၂၀၀ ပြည့် အခမ်းအနား တက်ရောက်လာကြသူတွေ











0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved