မန္တလေးတောင်၊ နိုင်ငံခြားသား နဲ့ တယ်လီဖုန်းကင်မရာ

Thursday, December 19, 2013

~
မန္တလေးတောင်ပေါ်ကို ဘုရားဖူးလာသူတွေ အလည်အပတ် လာရောက်သူတွေဟာ ပြည်ပဧည့်သည် ဖြစ်နေရင် ၀င်ကြေးပေးဆောင်ရပါတယ်။ 
 

ကင်မရာ ပါလာရင်တော့ ကျပ်တထောင် သို့မဟုတ် တဒေါ်လာ ပေးရပါလိမ့်မယ်လို့ မန္တလေးတောင်ပေါ်ဘုရားဂေါပကအဖွဲ့ရဲ့ သတိပေးဆိုင်းဘုတ်တခုမှာ ရေးထားတာပါ။မကြာသေးခင်ရက်များအတွင်း  မန္တလေးတောင်ပေါ်ကို အလည်ရောက်ခိုက် တွေ့ရတဲ့ အဲဒီဆိုင်းဘုတ်ကို  အထက်ပါအတိုင်း ဓာတ်ပုံရိုက်ခဲ့ပါတယ်။

ကင်မရာ အကြောင်း ထင်ထင်ရှားရှားဖွင့်ဆိုထားရာမှာ ...  မိုဘိုင်းဖုန်းကင်မရာ၊ အိုင်ပက်မှာ တွဲပါတဲ့ ကင်မရာ ဆိုတာတွေကိုပါ ထည့်သွင်းထားတာပါ။

တယ်လီဖုန်းမှာပါတဲ့ ကင်မရာနဲ့ ဓာတ်ပုံရိုက်ရင် အခွန်ကောက်တယ် ဆိုတော့ .... စီးပွားရေးသောင်းကျန်းတယ် လို့ ဆိုလိုက ဆိုနိုင်၏။

ငွေရှာတာ စေ့စပ်တယ်လို့ ဆိုလိုက ဆိုနိုင်ပါ၏။

ခရီးသွားလုပ်ငန်းကနေ ၀င်ငွေ အများအပြား ရတယ် ဆိုတာက ဒီလိုမျိုး နည်းလမ်းတွေလည်း ပါပါလိမ့်မယ်။


မြန်မာပြည်ထဲ တခြားသော စေတီပုထိုးတချို့မှာလည်း ကင်မရာအတွက် ငွေဆောင်ရခြင်း အစီအစဉ်တွေ ရှိပါတယ်။

မိုဘိုင်းဖုန်းကင်မရာ၊ အိုင်ပက်မှာ တွဲပါတဲ့ ကင်မရာ အတွက် ငွေကောက်ခြင်း ရှိမရှိ မသိရသေးပါဘူး။

ဖုန်းကင်မရာမျိုးအတွက် အခွန်ကင်းလွတ်ခွင့် ပေးသင့် မပေးသင့် ဆိုတာလည်း စဉ်းစားစရာ၊ အငြင်းပွားစရာ ဖြစ်နေမှာ သေချာပါတယ်။

မန္တလေးတောင်ပေါ်ကို ပြည်ပဧည့်သည်တွေ အဆက်မပြတ် ရောက်နေတာကို တွေ့ခဲ့ရပါတယ်။ အနောက်တိုင်းသားတွေ ပါသလို ထိုင်းနိုင်ငံသားတွေလည်း တအုပ်ပြီးတအုပ် အုပ်စုလိုက် ဘုရားဖူးနေကြတာပါ။ 

ပြည်ပဧည့်များတဲ့အတွက် သူတို့ဆောင်ရတဲ့ အခွန်အရပ်ရပ်လည်း
မန္တလေးတောင်မှာ ပမာဏ များမယ်လို့ ယူဆရပါတယ်။


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved