မန်ဒဲလားကို မဟာလူသားဟု ဒေါ်အောင်ဆန်းစုကြည် ပြော

Friday, December 6, 2013

ကြာသပတေးညက ကွယ်လွန်သွားခဲ့သော တောင်အာဖရိကနိုင်ငံ အသားအရောင်ခွဲခြားမှု တိုက် ဖျက်
ရေး ခေါင်းဆောင် နယ်ဆင် မန်ဒဲလားသည် ကမ္ဘာကို ပြောင်းလဲရန် အခြားသူများကို အားကျ စွဲဆောင်နိုင်
သော"မဟာလူသား"ဟု မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း သတင်းတပုဒ်က ရေးသားထားသည်။ 

နယ်ဆင်မန်ဒဲလား၊

လူ့အခွင့်အရေးနှင့် တန်းတူရေးတို့အတွက် တိုက်ပွဲဝင်ခဲ့သော တောင်အာဖရိက ခေါင်းဆောင် ကွယ်လွန် သွားသည့်အတွက် အလွန်ဝမ်းနည်းကြေကွဲမိကြောင်း ပြောပြီး " သူ မွေးဖွားကြီးပြင်းလာရတဲ့ အကျိုးပေး အတွက်၊ သူ့ အသားအရောင်အတွက် ဘယ်သူမှ ပြစ်ဒဏ်ကျခံဖို့ မသင့်ဘူးဆိုတာ ကျမတို့ အားလုံးကို သူ နားလည်စေခဲ့တယ်။ ကျမတို့ဟာ ကမ္ဘာကို ပြောင်းလဲနိုင်တယ်၊ စိတ်နေစိတ်ထားတွေ ပြောင်းလဲခြင်း၊ သဘောထား အမြင်တွေ ပြောင်းလဲခြင်းဖြင့် ကမ္ဘာကို ပြောင်းလဲနိုင်တယ်လို့လည်း ကျမတို့ကို သူ နား လည်စေခဲ့တယ်။ ဒီအကြောင်းကြောင့် သူ့ကို ကျမက လူသားဆန်မှု အဆင့်အတန်းကို မြှင့်တင်ပေးသူ မဟာလူသားတဦးအနေနဲ့ ဂုဏ်ပြုလိုပါတယ်"ဟုလည်း ဆိုသည်။ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved