ရွှေမြန်မာတွေအတွက် ဂျပန်ရောက် ဂုဏ်ရည်အေးကျော် ဘာပြောလဲ

Friday, December 6, 2013



ဂျပန်နိုင်ငံမှာ ကျင်းပမယ့် Miss International 2013 အတွက် မြန်မာနိုင်ငံ ကိုယ်စားပြု ယှဉ်ပြိုင်ဖို့ 
ရောက်နေတဲ့ ဂုဏ်ရည်အေးကျော်ဟာ မြန်မာတွေအတွက် သတင်းစကားတခု ပါးထားတာကို သူ့ 
ဖေ့စ်ဘုတ်မှာ ရေးထားပါတယ်။ 


 ကချင်ဝတ်စုံနဲ့ ဂုဏ်ရည်အေးကျော်၊ ဓာတ်ပုံ- Miss Myanmar International


ချစ်ရပါတဲ့ ရွှေမြန်မာတို့ရှင်... 

၅၃ ကြိမ်မြောက် ကျင်းပတဲ့ Miss International ပြိုင်ပွဲကြီးအတွက် ဂျပန်နိုင်ငံ တိုကျိုမြို့ရဲ့ အထင်ကရ
နေရာတွေ ဖြစ်တဲ့ Shibuya နဲ့ တိုကျိုဘူတာတို့မှာ မှတ်တမ်းတင် ဓာတ်ပုံတွေ ရိုက်ကူးဖြစ်ခဲ့ပါတယ်။ 

ဒီနှစ်စုံလုံးဟာ ပြိုင်ပွဲအတွက် နိုင်ငံကိုယ်စားပြု National Costume ဖြစ်လာနိုင်တဲ့ ဝတ်စုံတွေပါ။ ကချင်ရိုးရာ ဝတ်စုံကို ဒီဇိုင်နာ ဆန်းဘောက်ရာမှ တီထွင်ချုပ်လုပ်ထားပြီး မြန်မာရိုးရာ ဝတ်စုံကိုတော့ ဒီဇိုင်နာပြည်စိုးအောင်မှ ဆန်းသစ်တီထွင်ပေးထားပါတယ်။ 


ကချင်ရိုးရာအင်္ကျီကို National Costumeအဖြစ် ရွေးချယ်ရခြင်း ကတော့ ကချင်ဒေသမှာ ဖြစ်ပွားနေတဲ့ စစ်ပွဲများကို ငြိမ်းချမ်းစေချင်တဲ့ ရည်ရွယ်ချက်နဲ့ တစ်ကမ္ဘာလုံးက မီးမောင်းထိုးပြလာတဲ့ လျင်မြန်တဲ့ အရှိန် အဟုန်တွေနဲ့ ဖွံ့ဖြိုးတိုးတက်လာမှုတွေနဲ့အတူ မပြီးဆုံးနိုင်တဲ့ ပြည်တွင်းစစ်ကို ဆင်နွှဲနေတဲ့ မြန်မာနိုင်ငံ ဆိုတဲ့ အပေါ်မှာ ကချင်ဟာ မြန်မာ့သွေးသားပါ၊ စစ်ပွဲတွေအမြန်ဆုံး ပြီးဆုံးစေချင်ပြီး မြန်မာနိုင်ငံဟာ ငြိမ်းချမ်းရေးကို ဦးတည်လျှောက်လှမ်းနေပါတယ်ဆိုတဲ့ Message ကိုပေးချင်လို့ပါရှင်။ 



မြန်မာအင်္ကျီကတော့ တစ်ချိန်ကအောင်မြင်စွာ ကြီးကျယ်ခမ်းနား မြင့်မြတ်ခဲ့တဲ့ ရွှေမြန်မာတို့ရဲ့ နန်းဝတ် နန်းစား ကို ဒီဇိုင်နာရဲ့ ဆန်းသစ်တီထွင်မှုနဲ့ Carnival parade အတွက် ရည်ရွယ်ဖန်တီးခဲ့တာပါ။ 

ဒါပေမယ့် ချမ်းအေးလွန်းတဲ့ ဂျပန်ရာသီဥတုဟာ နေထွက်လာချိန်မှ 8'C လောက်ရောက်ပြီး နေမထွက်
သေးချိန်မှာ 2 to 5'C လောက်မှာ ရှိနေတာမို့ ဒီလို ရာသီဥတုမှာ Missတွေ အပြင်ထွက် parade လျှောက် ပြီး ပြည်သူတွေနဲ့ ထိတွေ့မယ်ဆိုရင် ကျန်းမာရေးကို စိုးရိမ်ရတဲ့အတွက် Cancel ဖြစ်ဖွယ်ရှိတယ်လို့ သိရပါ တယ်။ 

ဒီတော့ လှပလွန်းနေတဲ့ ဒီနှစ်စုံထဲက ဘယ်တစုံကို နိုင်ငံ ကိုယ်စားပြုမယ့် National Costume အဖြစ်ရွေး ချယ်ရမယ် ဆိုတာကို ဂုဏ်ရည် ဒွိဟဖြစ်လာပါတယ်။ 

အကြံဥာဏ်ပေးသူတွေ ကလည်း စေတနာနဲ့ ပေးကြတာဖြစ်ပြီး အားလုံးကလည်း သူ့ idea နဲ့သူ ကချင်က ရည်ရွယ်ချက်ကောင်းပြီး Love, Peace & Excitement to the World ဆိုတဲ့ ပြိုင်ပွဲ ခေါင်းစဉ်နဲ့ ညီညွတ် လို့ ရွေးချယ်သင့်တယ်၊ မြန်မာအင်္ကျီက ခမ်းနား ကျက်သရေရှိနေလို့ မြန်မာတို့ ရဲ့ ကြီးကျယ် ခမ်းနားမှု 
ပြယုဂ်ကို ဖေါ်ဆောင်နိုင်လို့ ရွေးချယ်သင့်တယ်တွေ ဖြစ်လာပါတယ်။ 

National Costume ကို Final နေ့ ၁၇ ရက်နေ့မှာမှ ဝတ်ဆင် ပြိုင်ပွဲဝင်ရမှာ ဖြစ်လို့ ဝိုင်းဝန်း စဉ်းစားပေးကြ ပါ ဦး ရွှေမြန်မာတို့ရှင့် .... 

ဂျပန်နိုင်ငံ ရောက်လာတဲ့နေက ကြိုဆိုသူတချို့နဲ့ ဂုဏ်ရည်အေးကျော်


အထက်ကအတိုင်း ဂုဏ်ရည်အေးကျော်က အကြံတောင်းထားပါတယ်။  ဂုဏ်ရည်အေးကျော်ဟာ နန်းခင်ဇေယျာပြီးရင် ဒုတိယမြောက် Miss International ကို မြန်မာနိုင်ငံ ကိုယ်စားပြု ဝင်ရောက် ယှဉ်ပြိုင်သူလည်း ဖြစ်ပါတယ်။ 


အိမ့်သံစဉ် ~



1 comments :

  1. Anonymous said... :

    Voteပေးရန်လင့်ကို လွယ်အောင်တင်ပေးပါ

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved