ကားအရှိန်လွန်မောင်းလို့ ကမ္ဘာကျော်သရုပ်ဆောင်တဦးကွယ်လွန်

Monday, December 2, 2013




နာမည်ကြီး ရုပ်ရှင် သရုပ်ဆောင်တဦးဖြစ်တဲ့ Paul Walker ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ယာဉ်တိုက်မှုနဲ့ အမေရိကန် ပြည်ထောင်စု ကယ်လီဖိုးနီးယားမှာ ကွယ်လွန်သွားခဲ့ပါတယ်။ 



သူဟာ ဟာဝိုင်ရီကနေ လော့စ်အိန်ဂျလိစ်ကို ပြောင်းရွှေ့နေထိုင်လာတာ မကြာသေးပါဘူး။ ယာဉ်တိုက်မှုမှာ သူ့ မိတ် ဆွေ တချိန်က ပြိုင်ကားမောင်းသမား Roger Rodas သူက ကားကိုမောင်းရင်း လမ်းဘေး သစ်ပင်ကို ဝင်တိုက်မိပြီး ကားက မီးလောင်းပျက်စီးသွားခဲ့တာမှာ Roger Rodas နဲ့ သရုပ်ဆောင် Paul Walker တို့ ၂ ဦးသေးဆုံးသွားရတာပါ။ 

 ဒါကို လော့စ်အိန်ဂျလိစ် ရဲက အတည်ပြုပြောဆိုခဲ့ပြီး အသက် ၄၀ အရွယ် ပေါလ်ရဲ့အတွင်းရေးမှူးကလည်း ထပ်မံ အတည်ပြုပြောပါတယ်။ မင်းသား ပေါလ်ဟာ Fast and Furious ဆိုတဲ့ ရုပ်ရှင်ဇာတ်လမ်းတွေနဲ့ နာမည်ကြီးလာသူတဦးလည်းဖြစ်ပြီး မိန်းက လေး တွေ စွဲမက်တဲ့ ရုပ်ရည်မျိုး ရှိသူလည်းဖြစ်ပြီး ကွယ်လွန် ချိန်မှာတော့ အသက် ၁၅ နှစ်အရွယ်သမီးနဲ့ အချိန်တော် တော်ကြာတွဲခဲ့တဲ့ ချစ်သူ ဂျက်စမင်တို့ ကျန်ရစ်ခဲ့ပါတယ်။ 

အခုဖြစ်ပွားသွားမူမှာ အရှိန်လွန်မောင်းနှင်လို့ အခုလို ဝမ်းနည်းစရာ အဖြစ်ဆိုးနဲ့ ကြုံလိုက်ရတာဖြစ်ပြီး ယာဉ်မောင်းတဲ့ အခါ အရှိန်ထိန်းမောင်းနှင်ဖို့ သတိပေးလိုက်တဲ့ ဖြစ်စဉ်တခုအနေနဲ့ ယာဉ်မောင်းသူ အားလုံးကို သတိပေးလိုက်တာပါ။ 

အိမ့်သံစဉ် ~ 















အိမ့်သံစဉ် ~


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved