မြန်မာဘက်က ဓာတ်ငွေ့အပို့ရပ်မှာကို ထိုင်းလုပ်ငန်းရှင်တွေ စိုးရိမ်

Wednesday, December 25, 2013



အခု တလော ထိုင်း နိုင်ငံမှာ နိုင်ငံရေး မတည်ငြိမ်မှုတွေ ဖြစ်နေချိန်နဲ့ တပြိုင်နက် ထိုင်းစီးပွားရေးသမားတွေ အတွက် စိုးရိမ်စရာဖြစ်တာကတော့ မြန်မာက ထိုင်းကို တင်ပို့နေတဲ့ သဘာဝ ဓာတ်ငွေ့ ( ဂက်စ်) တင်ပို့တာကို ခဏ နားမယ်ဆိုတဲ့ ကိစ္စပါဘဲ။ 


 ရတနာ သဘာဝ ဓာတ်ငွေ့တူးဖော်ရေး ကမ်းလွန် လုပ်ကွက် (ဓာတ်ပုံ – မြန်မာ့ အလင်း)

ဒီကိစ္စနဲ့ပတ်သက်ပြီး ထိုင်းသတင်းတွေမှာလည်း အတော်ပွဲဆူနေပါပြီ။ ဧရာဝတီ မြန်မာပိုင်း စာမျက်နှာမှာ ဒီ အကြောင်း သတင်းထောက် သန်းထိုက်ဦး ရေးသားတင်ပြထားတဲ့ ထိုင်းသို့ သဘာဝ ဓာတ်ငွေ့ပေး ပို့မှု 
ခေတ္တရပ်ထားမည်  http://burma.irrawaddy.org/business/2013/12/24/52632.html ဆိုတဲ့ သတင်း မှာ အပြည့်အစုံ ဖော်ပြထားပါတယ်။ 

မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ ပေးပို့ ရောင်းချခြင်းကို ၁၅ ရက်ကြာ ခေတ္တ ရပ်ဆိုင်း မည်ဖြစ်ရာ လျှပ်စစ်မီး ပြတ်တောက်မှုကြောင့် လုပ်ငန်းများ ရပ်ဆိုင်းမည်ကို ထိုင်းစီးပွားရေးသမားများက စိုးရိမ်နေကြကြောင်း သိရသည်။

မြန်မာအစိုးရက လာမည့် ၂၀၁၄ ခုနှစ် ဇန်န၀ါရီလ ၁ ရက်မှ စတင်ပြီး ၁၅ ရက်နေ့အထိ ထိုင်းနိုင်ငံသို့ သဘာဝ ဓာတ်ငွေ့ပေးပို့မှုများကို ခေတ္တရပ်ဆိုင်းရန် စီစဉ်ထားခြင်း ဖြစ်သည်။

........ 




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved