KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်နဲ့ အင်တာဗျူး (ရုပ်/သံ)

Monday, December 9, 2013

KIA ဒု စစ် ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ NCCT အစည်းအဝေး လာတက်စဉ်မှာ ဧရာဝတီ သတင်းဌာနက သီးသန့် အင်တာဗျူး ဖြစ်ပါတယ်။

 ဗိုလ်ချုပ်ဂွမ်မော်နဲ့ ဧရာဝတီ သီးသန့် အင်တာဗျူးလုပ်နေစဉ်၊ ဓာတ်ပုံ- ငြိမ်းဇော်/ဧရာဝတီ 

မြန်မာနိုင်ငံမှာ တနိုင်ငံလုံး အတိုင်းအတာဆောင်တဲ့ အပစ်အခတ်ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်း စဉ်တွေ ဖော်ဆောင်နေချိန်မှာ ကချင်ပြည်နယ် လိုင်ဇာမှာ တိုင်းရင်းသားအဖွဲ့ပေါင်းစုံရဲ့ သဘော တူညီမှုအရ ပေါ်ထွက်လာတဲ့ ညှိနှိုင်းရေးအဖွဲ့ NCCT ခေါင်းဆောင်တဦးဖြစ်တဲ့ KIA ဒု စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂွမ်မော်ကို ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပတဲ့ အစည်းအဝေး လာတက်စဉ် ဧရာဝတီ သတင်းဌာနတို့ရဲ့ သီးသန့် အင်တာဗျူးခွင့်ရခဲ့ပါတယ်။

ဧရာဝတီသတင်းဌာနက သတင်းထောက် လင်းသန့်က တိုင်းရင်းသားတွေလိုလားနေကြတဲ့ ဖက်ဒရယ်
ပြည်ထောင်စုနဲ့ ဖက်ဒရယ်တပ်မတော်အကြောင်း ဗိုလ်ချုပ် ဂွမ်မော်ကို မေးမြန်းထားသလို တနိုင်ငံလုံး အတိုင်းအတာ အပစ်အခတ် ရပ် စဲရေး၊ ငြိမ်းချမ်းရေးဖြစ်စဉ်တွေနဲ့ပတ်သက်တာ၊ ဒီငြိမ်းချမ်းရေး ဖြစ်စဉ်တွေ မှာ တရုတ်နိုင်ငံရဲ့ ပါဝင်ပတ်သက်မှုဘယ်လို ရှိတယ်စသဖြင့်မေးမြန်းထားပါတယ်။

ထို့အပြင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အပေါ် ကချင်လူထုနဲ့ KIA တို့ရဲ့ အမြင်နဲ့ ကချင်ပြည်နယ်မှာ အကြီးအကျယ် ရင်းနှီးမြှုပ်နှံမှုတွေ လုပ်နေတဲ့ သူဋ္ဌေးကြီး ဦးတေဇနဲ့ ဘာကြောင့် ရန်ကုန် မှာ တွေ့ခဲ့တယ်၊ ဦးတေဇကို ဘယ်လို သဘောထားရှိသလဲ ဆိုတာတွေကို မေးမြန်း ထားပါတယ်။





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved