ဆောင် တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ မနေ့ ဒီဇင်ဘာလ ၈ ရက်နေ့က ရန်ကုန်လေဆိပ်ကနေ တရုတ်နိုင်ငံကို ထွက်ခွာ သွားကြပါတယ်။
တရုတ်နိုင်ငံခရီးစဉ် ထွက်ခွာသွားတဲ့ NLD ကိုယ်စားလှယ်အဖွဲ့နဲ့ လိုက်ပါပို့ဆောင်သူများ၊ ဓာတ်ပုံ- NLD Central
NLD ကိုယ်စားလှယ်အဖွဲ့ကို ဦးတင်ဦးနဲ့ NLD တာဝန်ရှိသူတချို့အပြင် ရန်ကုန်ရှိ တရုတ်သံရုံးက တာဝန် ရှိသူတွေ လည်း လိုက်ပါ ပို့ဆောင်ကြပါတယ်။ ဒါဟာ NLD ပါတီရဲ့ တရုတ်နိုင်ငံပထမဆုံး တရားဝင် ခရီးစဉ် လည်း ဖြစ်ပါတယ်။
အခုလို NLD ကိုယ်စားလှယ်အဖွဲ့ တရုတ်နိုင်ငံကို တရားဝင် အလည်အပတ်သွားတဲ့သတင်းကို မြန်မာနိုင်ငံ ရန်ကုန်မြို့ က တရုတ်သံရုံးရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း ဖော်ပြထားပါတယ်။
တရုတ်သံရုံး ဖေ့စ်ဘုတ်စာမျက်နှာမှာ လွန်ခဲ့တဲ့စနေနေ့က ဦးဥာဏ်ဝင်းအပါအ၀င် NLD ခေါင်းဆောင် တချို့နဲ့ တရုတ် သံအမတ်ကြီးတို့နဲ့ ရန်ကုန်တရုတ်သံရုံးမှာတွေ့ဆုံပြီး လက်ရှိ မြန်မာ့ ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ဆွေးနွေး ကြတာကိုလည်း ဖော်ပြထားပါတယ်။
ဗဟိုအလုပ်အမှုဆောင် ဦးဥာဏ်ဝင်း ဦးဆောင်တဲ့ NLD ကိုယ်စားလှယ်အဖွဲ့မှာ စီးပွားရေးကော်မတီမှ ဦးမျိုးမြင့်၊ ဦးလေးညွန့်၊ ဗဟို ပြန်ကြားရေး ကော်မတီအဖွဲ့ခေါင်းဆောင် မုံရွာအောင်ရှင်(ခ)ဦးအေးကြူ၊ ဗဟိုလူမှုအထောက် အကူပြုအဖွဲ့မှ ဒေါ် ကြည်ကြည်ဝင်း(စမ်းချောင်း)၊ ဒေါ်ကြည်ကြည်ဝင်း(ကြည့်မြင်တိုင်)၊ ဗဟိုလူငယ်ညီလာခံ ကျင်း ပရေး ကော်မရှင်အဖွဲ့ဝင် ဦးလှဦး၊ ကိုဥက္ကာမင်း(တနင်္သာရီတိုင်း)၊ သုတေသန ဌာနမှ ကိုအေးမင်းဟန်(မွန်ပြည်နယ်) နှင့် ကိုသလေးစော (ရှမ်း ပြည်နယ်)တို့ လိုက်ပါသွားကြောင်း သိရပါတယ်။
ခရီးစဉ်အတွင်း NLD ကိုယ်စားလှယ်အဖွဲ့ဟာ တရုတ်အစိုးရ ထိပ်တန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဖို့ရှိပြီး ဒီဇင်ဘာလ ၁၅ ရက်နေ့မှာ ခရီးစဉ်ကို အဆုံးသတ်မှာဖြစ်တယ်လို့ NLD Central စာမျက်နှာက ဆိုပါတယ်။
အိမ့်သံစဉ် ~
0 comments :
Post a Comment