AWA လေကြောင်းလိုင်းရဲ့ ပထမဆုံး ချင်းမိုင်ခရီးစဉ်ကြိုဆိုပွဲ

Wednesday, January 29, 2014


မြန်မာနိုင်ငံက ပုဂ္ဂလိက လေကြောင်းလိုင်း တခုဖြစ်တဲ့ Asian Wings Airways –AWA ရဲ့ ( မန္တလေး- ချင်းမိုင်- မန္တလေး) ပြေးဆွဲတဲ့ ပထမဆုံး ခရီးစဉ်ကြိုဆိုပွဲတခုကို ထိုင်းနိုင်ငံ ချင်းမိုင်အပြည်ပြည် ဆိုင်ရာ 
လေဆိပ် ဧည့်ကြိုဆောင်ခန်းမမှာ ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့ ညနေ ၃ နာရီ ခွဲ က ကျင်းပပါတယ်။

  ပထမဆုံး ဆိုက်ရောက်လာသည့် AWA လေကြောင်းလိုင်း ကြိုဆိုပွဲတွင် AWA CEO ဦးကြည်ဝင်းနှင့် လေယာဉ် အမှုထမ်းများ ၊ ဓာတ်ပုံ- ငြိမ်းငြိမ်း/ဧရာဝတီ

AWA ရဲ့ မန္တလေး- ချင်းမိုင်- မန္တလေး ခရီးစဉ်ကို ဒီကနေ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ပထမဆုံး စတင် လိုက်တာဖြစ်ပြီး အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း ပျံသန်းမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

သူဋ္ဌေးကြီး ဦးတေဇပိုင် အဲပုဂံလေကြောင်းလိုင်းပြီးရင် အခုလို မြန်မာနိုင်ငံနဲ့ ထိုင်းနိုင်ငံ ချင်းမိုင် တိုက်ရိုက် ပျံသန်းတဲ့ မြန်မာလေကြောင်းလိုင်း အသစ်တခုလည်းဖြစ်ပါတယ်။ 

AWA အနေနဲ့ အပတ်စဉ် ဗုဒ္ဓဟူးနေ့ တိုင်း ချင်းမိုင်-မန္တလေး ခရီးစဉ်ပျံသန်းမှုတွေကို တိုးချဲ့ပြီး လာ မယ့် ဖေဖော်ဝါရီလ ၁၅ ရက်နေ့ ကစတင်ပြီး အပတ်စဉ် စနေနေ့တိုင်းပါ ပျံသန်းပြေးဆွဲသွားဖို့လည်း ရှိတယ်လို့ သိရပါတယ်။ 

အဲဒီအခါကျရင် AWA ရဲ့ ချင်းမိုင်ကို ပျံသန်းမယ့် ခရီးစဉ်တွေက အပတ်စဉ် ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့တိုင်း 
ဖြစ်ဖို့ ရှိပါတယ်။ 

ထပ်မံတိုးချဲ့ပြေးဆွဲမယ့် အပတ်စဉ် စနေနေ့တိုင်း ပျံသန်းပြေးဆွဲမယ့် လေယာဉ် ခရီးစဉ်တွေကတော့ (Yangon - Mandalay 12:10 - 13:35)၊ (Mandalay - Chiang Mai 14:35 - 16:15)၊ (Chiang Mai - Mandalay 17:05 - 17:45) (Mandalay - Yangon 18:45 - 20:10) အချိန်တွေ ဖြစ်ပြီး Package Tour အနေနဲ့ ၃ ညအိပ် ၄ ရက်ခရီး၊ ၄ ညအိပ် ၅ ရက်ခရီးစဉ်တွေအတွက်လည်း အစီအစဉ်တွေ လုပ်ထားတယ် လို့ သိရပါတယ်။ 



အိမ့်သံစဉ် ~ 








0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved