ချင်းဒေသရဲ့နာမည်ကျော်ရေအိုင်ဝန်းကျင် နဲ့ အိမ်ရာစီမံကိန်း

Thursday, January 30, 2014

~


 
ဖွံ့ဖြိုးမှုအားနည်းတဲ့ချင်းပြည်နယ်ရဲ့ သဘာဝအမှတ်အသားဖြစ်တဲ့ အသည်းပုံ ရိ (Rih) ရေကန်ဝန်းကျင်ဟာ ပျက်စီးလာနေပြီလို့ ဒေသတွင်းက သဘာဝ ဝန်းကျင် အရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ပျက်ရတဲ့အကြောင်းရင်းထဲမှာ အစိုးရရဲ့အိမ်ယာစီမံကိန်းလည်း ပါဝင်နေပါတယ် တဲ့။
 -   

ဓာတ်ပုံ - သက်မွန်မြင့် Facebook /  Ko Naing Naing (R2) -
အာဏာပိုင်တွေကတော့ ဒီစီမံကိန်းဟာ ဒေသဖွံ့ဖြိုးရေးအတွက်ဖြစ်တယ်လို့ မနှစ်က ပြောထားတယ်၊ ဒေသဖွံ့ဖြိုးရေးလုပ်တာ ကောင်းပါတယ်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကိုတော့ ဂရုစိုက်ဖို့လိုမယ် ဆိုပြီး  ရေကန်ဝန်းကျင်စိမ်းလန်းစိုပြေရေး လုပ်ဆောင်နေသူတဦးက ရှင်းပြပါတယ်။

စီမံကိန်းကြောင့် ရေကန်အနီးတဝိုက် သစ်တော ၁၅ ဧကထက် မနည်း ဖဲ့ပေးလိုက်ရတာပါလို့ သူတို့က ပြောပါတယ်။
ရေကန်ဝန်းကျင်ကို ဘယ်လို သက်ရောက်မှု ရှိလာမလဲ ဆိုတာကိုတော့ မသိရသေးပါ။

ကန်ရေပမာဏက တနှစ်ထက်တနှစ် နည်းနည်းလာတယ်၊ လူတွေရဲ့အမှားကြောင့် သဘာဝပျက်စီးတာမျိုး မဖြစ်စေချင်ဘူးလို့ ဆိုသူက ဆိုပါတယ်။

အပြည့်အစုံကို မူရင်းသတင်း Burma’s Heart-Shaped ‘Treasure’ of a Lake Threatened: Activists မှာ ဖတ်နိုင်ပါပြီ။  လင့်က 
http://www.irrawaddy.org/burma/burmas-heart-shaped-treasure-lake-threatened-activists.html ဖြစ်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved