ကြောင် ကဖေး

Wednesday, January 29, 2014


သင်ဟာ တိရိစ္ဆာန် ချစ်သူလည်း ဖြစ်မယ်၊ ကော်ဖီကြိုက်သူလည်းဖြစ်မယ်ဆိုရင် ဂျပန်နိုင်ငံက အကောင်း ဆုံး ကြောင် ကဖေးတွေက သင့်အတွက် စိတ်လက်ပေါ့ပါး ပျော်ရွင်ကြည်နူးဖွယ်တွေ ပေးနိုင်ပါလိမ့်မယ်။ 


ကြောင် ကဖေးဆိုတာ ကော်ဖီဆိုင်မှာ ချစ်စရာ ကြောင်လေးတွေနဲ့ အတူ ဆော့ကစားရင်း စိတ်ကြည်နူးမှု ရစေမယ့် နေရာပါ။ 

ဂျပန်နိုင်ငံနဲ့ ပြင်သစ်နိုင်ငံ ပဲရစ်တို့မှာ ဖွင့်လှစ်ထားကြပြီး အခု ဖော်ပြသွားမယ့် ကြောင်ကဖေးဆိုတွေ ကတော့ ဂျပန်နိုင်ငံကပါ။ မကြာခင်မှာ ဆန်ဖရန် စစ္စကိုမှာလည်း ကြောင်ကဖီးဆိုတာတွေ ဖွင့်လှစ်လာဖို့ ရှိနေပါတယ်။ 

အခု မြင်တွေ့ရမယ့် ဗီဒီယို မှာတော့ ကနေဒါ ကျောင်းသူတဦးက ဂျပန်နိုင်ငံက အကောင်းဆုံး ကြောင် ကဖေးတွေကို သွားပြီး မှတ်တမ်းတင်ထားတာက စိတ်ကြည်နူးဖို့ ကောင်းပါတယ်။

ကြောင်ကဖေးမှာ စိတ်လက်အပန်းဖြေချင်တယ်ဆိုရင် ဆိုင်တဆိုင်ကတော့ ၁ နာရီ ကို ဂျပန်ယန်း ၁ဝဝဝ၊ ၁ နာရီ ခွဲဆိုရင် ယမ်း ၁၃ဝဝ၊ ၂ နာရီဆို ယမ်း ၁၅ဝဝ၊ ၃ နာရီဆိုရင် ယမ်း ၂ဝဝဝ အသီးသီး ရှိကြပြီး ယမ်း ၂၅ဝဝ ဆိုရင်တော့ စိတ်ကြိုက် အချိန်အကန့်အသတ်မရှိ ထိုင်လို့ရပါတယ်တဲ့။ 

ကြောင်ကဖေးထဲ ဝင်လိုက်တာနဲ့ ကိုယ့်ရဲ့ ဖိနပ်ကိုသိမ်းခဲ့ရမှာဖြစ်ပြီး ဆိုင်ကပေးတဲ့ ဖိနပ်ကို ပြောင်းစီး ရပါလိမ့်မယ်။ ပြီးရင် လက်ကို သေချာ စင်ကြယ်အောင် ဆေးကြောသန့်စင်ရပါသေးတယ်။ ပြီးရင်တော့
ကြောင် ကဖေးထဲ ဝင်လို့ ရပါပြီ။ 


အဲဒီမှာတော့ အရောင်အသွေးမျိုးစုံ ကြောင်အရွယ်အမျိုးမျိုးကို တွေ့ရပါပြီ။ သူတို့မှာ ကစားစရာလေးတွေ လည်း ရှိကြပြီး ကြောင်ချစ်သူတွေအဖို့ ကြောင်လေးတွေကို အစာကျွေးတာတို့၊ ပွတ်သတ်ပြီး ပွေ့ဖက်လို့ လည်း ရပါတယ်။ 


ကြောင်တွေနဲ့ အတူနေထိုင်ရင်း ကော်ဖီ၊ လက်ဘက်ရည်၊ ကိုကိုးစတဲ့ ကိုယ်ကြိုက်တာလည်း မှာယူ 
သောက်သုံးနိုင်သလို ဖတ်စရာ ကာတွန်းတွေလည်း ရှိပါတယ်။ ဒီအပြင် ကြောင်စာအတွက်လည်း ဝယ်ပြီး ကျွေးနိုင်ပါတယ်။ ချစ်စရာ ကြောင်လေးတွေ အိပ်နေတာ၊ ဆော့ကစားနေတာတွေကို လည်း ဓာတ်ပုံလေးတွေ ရိုက်နိုင်ပါတယ်။


  



အိမ့်သံစဉ် ~ 


 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved