လွတ်လပ်ရေးနေ့အကြို ပြစ်ဒဏ်လွတ်ငြိမ်းခွင့် သမ္မတ ထပ်မံ ထုတ်ပြန်

Friday, January 3, 2014

သမ္မတ ဦးသိန်းစိန်က ၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ကြိုဆို ဂုဏ်ပြုတဲ့အနေနဲ့ မြန်မာနိုင်ငံရှိ အကျဉ်းသား အားလုံးနဲ့သက်ဆိုင်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုခြင်း အမိန့်ကို ထုတ်ပြန်လိုက်ပါတယ်။ 

 အင်းစိန်းအကျဉ်းထောင်ရှေ့ လွတ်ငြိမ်းခွင့်နဲ့ လွတ်လာသူများကို ကြိုဆိုနေစဉ်က မြင်ကွင်း 

သမ္မတ ဦးသိန်းစိန်က ပြီးခဲ့တဲ့ ရက်ပိုင်း ဒီဇင်ဘာလ ၃ဝ ရက်နေ့ကပဲ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ပတ် သက် လို့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို ထုတ်ပြန်ခဲ့ပြီး အခု ထပ်မံ ထုတ်ပြန်တဲ့ ပြစ်ဒဏ်လွတ်ငြိမ်းခွင့် ကတော့ အကျဉ်းသား အားလုံးအတွက် ပြစ်ဒဏ်ကို အခုလို ထပ်မံ လျှော့ပေါ့ ပေးလိုက်တာလည်း ဖြစ်ပါတယ်။ 

အမိန့်အပြည့်အစုံကို မြန်မာ့အလင်း စာမျက်နှာက အခုလို ဖော်ပြပါတယ်။ 

၆၆ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် နိုင်ငံတော် တည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေး ၊တိုင်းရင်းသား စည်းလုံးညီညွတ်ရေးတို့အတွက် လည်းကောင်း၊ လူသားချင်း စာနာထောက်ထားမှု ကို အလေးပေးသောအားဖြင့် လည်းကောင်း၊ အကျဉ်းထောင်အသီးသီးမှ ပြစ်ဒဏ်ကျခံလျက်ရှိသော အကျဉ်းသားများကို နိုင်ငံတော် ဖွဲ့စည်ပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၄ (က) အရ နိုင်ငံတော်သမ္မတသည် ၁၃၇၅ ခုနှစ် ၊ ပြာသိုလဆန်း ၃ ရက် (ခရစ်နှစ် ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ ၃ ရက်) မတိုင်မီ ကျူးလွန် ခဲ့သော ပြစ်မှုတစ်ခုခုနှင့် စပ်လျဉ်း၍ ပြစ်ဒဏ်ချမှတ်ခြင်း ခံရပြီးပါက ယင်းကဲ့သို့ ကျခံနေ ရသော ပြစ်ဒဏ် အသီးသီးကို အောက်ပါအတိုင်း ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပြုလိုက်သည်- 

(က) သေဒဏ်ချမှတ် စေခြင်းခံရသူများအတွက် ထောင်ဒဏ် တစ်သက် (နှစ်အကန့်အသတ်မရှိ) သို့ပြောင်းလဲကျခံစေရန်။ 

(ခ) နှစ်အကန့်အသတ်မရှိနှင့် ထောင်ဒဏ်တစ်သက်ကျခံနေရသည့် အကျဉ်းသားများ( သေဒဏ်မှ ထောင် ဒဏ် တစ်သက်နှင့် နှစ်အကန့်အသတ်မရှိသို့ လျော့ပေါ့ကျခံနေသူများမပါ) နှင့် ထောင် ဒဏ် (၄၀) နှစ် အထက် ကျခံနေရသူများအား ထောင်ဒဏ်(၄၀)နှစ်သို့ လျော့ပေါ့ကျခံစေရန်။ 

(ဂ) ထောင်ဒဏ် (၄၀)နှစ် နှင့်အောက် ကျခံနေရသည့် အကျဉ်းသားများအား ယင်းသို့ကျခံနေ
သော ထောင် ဒဏ်၏ လေးပုံတစ်ပုံအား လျော့ပေါ့ကျခံစေရန်။ 

(ပုံ) သိန်းစိန်

 နိုင်ငံတော်သမ္မတ
 ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်



အိမ့်သံစဉ် ~ 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved