တည သုံးလေးသိန်းပေးရမယ့် ရန်ကုန်ဟိုတယ်များ

Thursday, January 30, 2014

~



ဟိုတယ်ဆိုရင် သစ်သစ်လွင်လွင်၊ အထပ်မြင့်မြင်မားမား၊ နေရာ ကျယ်ကျယ်ဝန်းဝန်းဆိုရင် ဈေးကြီးကြီးဖြစ်လိမ့်မယ်လို့ ယူဆစရာပါ။
တကယ်တမ်းတော့ သက်တမ်းရင့်ဟိုတယ်တွေကလည်း ဈေးခေါင်ခိုက်တဲ့ထဲ ပါနေတာကို တွေ့ရပါလိမ့်မယ်။



  • Governor's Residence

ဧရာဝတီ ဘလော့ စာမျက်နှာ http://blog.irrawaddy.org မှာ ဟိုတယ် နဲ့ ခရီးသွားလုပ်ငန်း ဆိုင်ရာ အကြောင်းအရာတွေကို မဖော်ပြရတာ ကြာပြီဖြစ်တဲ့အတွက်
ဆစ်ဒနီမောနင်းဟာရယ် သတင်းစာ ခရီးသွားစာမျက်နှာ လက်ထောက်အယ်ဒီတာ Fiona Carruthers ရေးသားထားတဲ့ ဟိုတယ်အညွှန်းကို ကောက်နုတ် ဖော်ပြလိုက်ပါတယ်။
တညတည်းခိုခ  ကျပ် သိန်းနဲ့ချီ ကျသင့်မယ့်ဟိုတယ်များပါပဲ။ ပထမဆုံး သူ ညွှန်းထားတာက Governor's Residence  ဖြစ်ပါတယ်။
 ရန်ကုန် ဒဂုံမြို့နယ် သံတမန်ရပ်ကွက်ထဲက အဲဒီဟိုတယ်မှာ တည်းရင် တည ၂၆၁ ဒေါ်လာ အနည်းဆုံးလို့ ဆိုတယ်။
သူဌေးများ တည်းကြမယ့် နေရာပါပဲ။ သို့တည်းမဟုတ် အဖွဲ့အစည်းတခုခုရဲ့ဘတ်ဂျက်နဲ့ သွားတည်းနိုင်တဲ့သူတွေ စတည်းချမယ့် နေရာပါပဲ။ ဒီအဆောက်အအုံရဲ့ သက်တမ်းက ၉၀ ဝန်းကျင် ရှိနေပါပြီ။
 -
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  • Savoy

ရွှေတိဂုံနဲ့ သိပ်မဝေးတဲ့နေရာမှာရှိတဲ့ Savoy ဟိုတယ်မှာတော့ မနက်စာ သစ်သီးရည်က အင်မတန့်အင်မတန် လတ်ဆတ်လွန်းတယ်လို့ ဆိုတယ်။
အခန်းခတွေက ဒေါ်လာ ၂၃၆ တန် ရှိသလို ၃၃ဝ တန်လည်း ရှိပါတယ်။
Savoy ဟိုတယ်က ကြယ်လေးပွင့်အဆင့်ရှိပါတယ် တဲ့။ ဟိုတယ်ကတော့  ငါးပွင့် လို့ သူ့အွန်လိုင်းမှာရေးထားတာပါ။
ကြယ်ပွင့်လည်း မနည်း၊ ဈေးလည်း မနည်းပါဘူး။ 
 -


 -
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  • ကမ်းနားဟိုတယ်

ဒီဟိုတယ်က ရေကူးကန် မရှိဘူး၊ ပန်းခြံဆိုတာလည်း များများစားစား ရှိမနေဘူး၊ သို့သော်လည်း ဒီဟိုတယ်က ရန်ကုန်မြစ်နားမှာ တည်ရှိပါတယ်။
superior suites အမျိုးအစား အခန်းက တည ၃၈၂ ဒေါ်လာ ပေးရပါမယ်။
ဒီဟိုတယ်ကြီးမှာ ၁၉ ရာစု ၂ဝ ရာစု ကမ္ဘာကျော် ဂန္ထဝင် စာရေးဆရာကြီးများဖြစ်တဲ့ Rudyard Kipling, George Orwell, Noel Coward, Somerset Maugham တို့ တည်းသွားဖူးတယ်လို့ ဆိုတယ်။

မြန်မာပြည် ရောက်လာကြသူများထဲမှာ ကိုယ့်အိတ်ထဲကဖြစ်ဖြစ် လုပ်ငန်းစရိတ်ထဲကဖြစ်ဖြစ် အကုန်အကျခံနိုင်သူ အများအပြား ရှိတဲ့အတွက် ကမ်းနားဟိုတယ်အခန်းတွေက အားတယ်ရယ်လို့ ရှိမယ် မဟုတ်ပါ။

ဟိုတယ်ဘေးနားက အဆောက်အအုံကြီးတခုကလည်း ကမ်းနားဟိုတယ်ရဲ့ စီမံမှုအောက်မှာ ရှိနေပါတယ်။ အဲဒီမှာတော့ ရန်ကုန်က ငွေအသုံးကြမ်းတဲ့မင်္ဂလာပွဲတွေကို ပုံမှန် တွေ့ရမှာဖြစ်ပါတယ်။
 -


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  • ကန်တော်ကြီးပဲလေ့စ်ဟိုတယ်

ဒီဟိုတယ်က ကန်တော်ကြီးစောင်းမှာတည်ရှိပါတယ်။ ဈေးအသက်သာဆုံးအခန်းက တည ၂၄၅ ဒေါ်လာ။
ဒီနေရာမှာ ဟိုတယ်ဖွင့်လာတာ နှစ် ၈၀ ရှိပါပြီ တဲ့။
 -


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
  • ကုန်သည်ကြီးများဟိုတယ်

တည ၂၉၁ ဒေါ်လာ ပေးရမယ်၊ အခန်းအရေအတွက်က သုံးရာထက် ပိုလိမ့်မယ် တဲ့ ကုန်သည်ကြီးများဟိုတယ်မှာ။ 
 -
 


~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

  • ချက်ထရီယမ်ဟိုတယ်

ဒါလည်း ကန်တော်ကြီးနားကပါပဲ။ အိုဘားမားကြီးလာတုန်းက နားချင် နားဖို့ ဆိုပြီး လိုလိုမယ်မယ် ဘွတ်ကင်လုပ်ခဲ့တဲ့ဟိုတယ်ပါ။
အခန်းပေါင်း ၃၀၃ ခန်း ရှိ။ တည ၁၈၅ ဒေါ်လာ။
 -


 -
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
 -
ဒီ ဟိုတယ် ၆ ခု အကြောင်း သူ ရေးထားတာတွေ ရာနှုန်းပြည့် မှန်ချင်မှ မှန်ပါလိမ့်မယ်။ မမှန်ရင်တောင် နီးစပ်မယ်လို့ ယူဆရပါတယ်။
သူတို့တွေ ဘယ်လိုမြင် ဘယ်လိုရေး (ဘယ်လို ကြော်ငြာ)ကြတယ်ဆိုတာ လေ့လာလိုက လေ့လာနိုင်ဖို့ ကူးယူ ဖော်ပြလိုက်ပါတယ်။
ပုံတွေကို သက်ဆိုင်ရာ ဟိုတယ်တွေရဲ့ အွန်လိုင်းစာမျက်နှာများကနေ ကူးယူပါတယ်။

 











.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved