ဗုဒ္ဓဘာသာ အကြောင်း ဒေါက်တာ ဂျက်ကွန်ဖီးလ် ဟောပြောပို့ချမယ်

Friday, January 31, 2014


ဗုဒ္ဓဘာသာထွန်းကားတဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ လည်မယ့် ဖေဖော်ဝါရီလ ၄ ရက်၊ အင်္ဂါနေ့မှာ 
ဒေါက်တာ ဂျက် ကွန်ဖီးလ် (Dr. Jack Kornfield) က Buddha Way of Respect ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပို့ချဖို့ အစီအစဉ်ရှိပါတယ်။ 



နေရာကတော့ ရန်ကုန်အခြေစိုက် နိုင်ငံရေး သိပ္ပံကျောင်းတခုဖြစ်တဲ့ Yangon School of Political Science YSPS ကျောင်းမှာဖြစ်ပြီး အချိန်ကတော့ နေ့လယ် ၁ နာရီခွဲက ညနေ ၃ နာရီခွဲအထိ ဖြစ်တယ်လို့ ဒါရိုက်တာ ဦးစိုင်းရဲကျော်စွာမြင့် က စိတ်ဝင်စားသူတွေကို တက်ရောက် နားထောင်ဆွေးနွေးဖလှယ်ဖို့ အတွက် ဖိတ်ကြားထားပါတယ်။  

ဒေါက်တာ ဂျက်ကွန်းဖီးလ်ဟာ ထိုင်း၊ အိန္ဒိယ၊ မြန်မာနိုင်ငံတို့မှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေမှာ ဟောပြောနေသူပါ။ မဟာစည်ဆရာတော် ဘုရားကြီးရဲ့ အသိအမှတ်ပြုမှု ရထားတဲ့ ဒေါက်တာဂျက်ကွန်ဖီးလ်က  ဗုဒ္ဓရဲ့ တရား ဘာဝနာတွေကို  ရဟန်းတပါးလို ဟောပြောပို့ချ လေ့ကျင့်သင် ကြား ပေးနေသူလည်း ဖြစ်ပါတယ်။  

သူဟာ ၁၉၇၄ ခုနှစ်ကတည်းက နိုင်ငံတကာမှာ ဝိပဿနာတရားကို လေ့ကျင့်သင်ကြားပေးနေသူလည်း
ဖြစ်ပြီး တိဗက် က ဒလိုင်းလားမားနှင့်အတူ ဗုဒ္ဓဘာသာ တရားဆရာများရဲ့ ကမ္ဘာတဝန်း အစည်းအဝေးတွေ ကိုလည်း ဦးဆောင်ကျင်းပပေးနေ သူလည်းဖြစ်ပါတယ်။ အနောက်နိုင်ငံတွေမှာ ဗုဒ္ဓရဲ့ သတိပဋ္ဌာန် ဝိပဿနာ တရားဘာဝနာ ဘယ်လို ကျင့်ကြံပွားများရတယ် ဆိုတာကို သာသနာ ဖြန့်ဖြူးနေတဲ့ အဓိက ဦးဆောင်နေသူတဦးလည်းဖြစ်ပါတယ်။ 

သူဟာ Inseight Meditation Society and Spirit Rock Meditation Centre ကိုလည်း တည်ထောင်နေ သူဖြစ်ပါတယ်။ 

သူဟာ Clinical Psychology နဲ့ ဒေါက်တာဘွဲ့ (Ph.D) ဘွဲ့ကို ရယူထားပြီး သူရေးခဲ့တဲ့ စာအုပ်တွေကို ဘာသာ စကားပေါင်း ၂ဝ ကျော်နဲ့ ဘာသာပြန်ဆိုပြီး စုစုပေါင်း ၁ သန်းကျော် ကို ထုတ်ဝေ ရောင်းချခဲ့ ပြီးသူလည်းဖြစ်ပါတယ်။ 

သူ့စာအုပ်တွေထဲမှာ A Parth with Heart ; Teaching of Buddha; Seeking of Wisdom; Living Dhama; A Still Forest Pool; After Ecstasy; the Loundry; The Art of Forgiveness; Loving –Kindness and Peace; The Wise Heart နဲ့ Bringing Home Dhama ဆိုတဲ့ စာအုပ်တွေက လူသိများပါတယ်။ 


အိမ့်သံစဉ် ~ 





.


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved