အမေရိကန်က ပြပွဲမှာ မြန်မာ့ရေထွက်ပစ္စည်းတွေ ပထမဆုံး ပြသမယ်

Friday, January 10, 2014

မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းတွေကို အမေရိကန်ပြည်ထောင်စု ဘော့စတွန်မြို့မှာ ကျင်းပမယ့် “Seafood Expo North America” ပြပွဲမှာ ပါဝင်ပြသမယ်လို့ သိရပါတယ်။ 

မြန်မာ့ရေထွက်ပစ္စည်း တမျိုးဖြစ်တဲ့ ပုဇွန် ၊ ဓာတ်ပုံ- ဧရာဝတီ

အရင်ကတော့ မြန်မာ့ရေထွက် ကုန်ပစ္စည်းတွေကို အိမ်နီးချင်း နိုင်ငံတွေရဲ့ ပြပွဲတွေမှာသာ ပါဝင်ခဲ့ပေမယ့် အမေရိကန်မှာ လာမယ့် အပတ် ကျင်းပမယ့် ပြပွဲကို ပါဝင်ပြသ တာကတော့ ပထမဆုံး အကြိမ် ဖြစ်တယ် လို့ ပြန်ကြားရေး ဝက်ဆိုက် သတင်း တပုဒ်က ဆိုပါတယ်။ 

နိုင်ငံတကာရဲ့ထုတ်ကုန်တွေ၊ ဈေးကွက်အခြေအနေတွေကို လေ့လာနိုင်မှာဖြစ်ပြီး မြန်မာ့ ရေထွက်ကုန်တွေ
ကို နိုင်ငံတကာ ဈေးကွက်အခွင့်အလမ်းတွေ ရဖို့ အခုလို အမေရိကန်ပြပွဲကို ပါဝင်တာဖြစ်တယ်လို့ ရေထွက် ပစ္စည်း ထုတ်လုပ်သူနဲ့ ပို့ကုန် အသင်းက ဦးထွန်းအေးကို ကိုးကားပြီး ပြန်ကြားရေး ဝက်ဆိုက်သတင်း က ဖော်ပြ ပါတယ်။ 

 ဒါဟာ အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် တချိန်က တားမြစ်ကန့်သတ် ပိတ်ဆို့အရေးယူထား မှုတွေ ဖြေလျှော့ ပလပ်လိုက်ပြီးနောက်ပိုင်း အခွင့်အရေးတခုအနေနဲ့ မြန်မာ့ ရေထွက်ကုန်ပစ္စည်းတွေ အမေရိကန်မှာ ပြသခွင့် ရလာတာပါ။ 

“မြန်မာနိုင်ငံက ရေထွက်ကုန်ပစ္စည်းတွေကို အရင်က အမေရိကန်ဈေးကွက်ကို တော်တော်များများ တင်ပို့ ခဲ့ကြရပါတယ်။ ဒါပေမယ့် မြန်မာပို့ကုန်တွေကို အရေးယူပိတ်ဆို့လိုက်တာကြောင့် ဈေးကွက်ပျောက်ခဲ့ ရပြီး တရုတ်ဈေးကွက်ကိုသာ မှီခိုခဲ့ရ ပါ တယ်။ ဗီယက်နမ်၊ ထိုင်းတို့ကထုတ်ကုန် အများစုကတော့ အမေရိက 
ဈေးကွက်ကို သွားနေပါတယ်။ ဒီလို ပြပွဲတွေက တဆင့် မိတ်ဟောင်းတွေနဲ့ ပြန်ဆက်သွယ်နိုင်တဲ့ အပြင် 
ဈေးကွက်ဝေစုကို ပြန်ရအောင် ကြိုးစားနိုင်မှာပါ”လို့ ပို့ကုန် လုပ် ငန်းရှင် တဦးရဲ့ သုံးသပ်ချက်ကိုလည်း 
ပြန်ကြားရေး ဝက်ဆိုက်က ဖော်ပြပါတယ်။ 

မြန်မာ့ရေထွက်ကုန် ပစ္စည်းတွေကို အခုလို အမေရိကန်က ပြပွဲမှာ ပြသမှု လုပ်မယ့် အပြင် ဥရောပ က ပြပွဲတွေမှာလည်း ပြ သ သွားဖို့ ရှိတယ်လို့ သိရပါတယ်။ 

ဒီလို ပြပွဲအတွေ့အကြုံတွေ ရလာတာနဲ့ အမျှ မြန်မာ့ထွက်ကုန်တွေကို နိုင်ငံတကာ ဈေးကွက် စံချိန်စံညွှန်း မီ ဘယ်လို လုပ်ဆောင်ကြရတယ်ဆိုတာကိုလည်း အားစိုက်လုပ်ဆောင်လာနိုင်မှာပါ။ 

အမေရိကန်နဲ့ ဥရောပ ဈေးကွက်ကို မြန်မာ့ ရေထွက်ပစ္စည်းတွေ ဈေးကွက်ချဲ့ထွင်နိုင်မယ်ဆိုရင်တော့ အိမ်နီးချင်းနိုင်ငံတွေကို ဈေးပေါပေါနဲ့ ရောင်းချနေရတာတွေ လျော့နည်းသွားနိုင်မှာပါ။ 






အိမ့်သံစဉ် ~ 





0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved