ကုလ ငြိမ်းချမ်းရေးတပ်မှာ မြန်မာ့တပ်မတော်ပါဝင်တော့မယ်

Tuesday, January 28, 2014



ကုလသမဂ္ဂ ငြိမ်းချမ်းရေးထိန်းသိမ်းရေး တပ်မှာ မြန်မာ့တပ်မတော်က ပါဝင်တော့မှာဖြစ်ပါတယ်။ 


မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ကုလ သမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် မစ္စတာ ဘီဂျေနမ်ဗီးယားက ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကို မြန်မာ့ တပ်မတော်အနေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်ဖို့ ဖိတ်ကြားခဲ့တာဖြစ်တယ်လို့ ဘီဘီစီ သတင်းတပုဒ်က ဆိုပါတယ်။ 

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က မစ္စတာ ဘီဂျေနမ်ဘီးယားရဲ့ ဖိတ်ခေါ်မှုကို လက်ခံလိုက်တာ
ကြောင့် မြန်မာ့တပ်မတော် ဟာ ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်တော့မှာဖြစ်တယ်လို့ အဲဒီ သတင်းက ပြောပါတယ်။ 

မြန်မာ့တပ်မတော်ဟာ ကမ္ဘာ့ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်ခဲ့ဖူးခြင်းလည်း မရှိခဲ့ပါဘူး။ အခုလို မြန်မာ့တပ်မတော် အနေနဲ့ နိုင်ငံပေါင်းစုံပါဝင်တဲ့ ကမ္ဘာ့ကုလသမဂ္ဂ ငြိမ်းချမ်းရေးတပ်မှာ ပါဝင်လာ မယ်ဆိုရင် မြန်မာ့တပ်မတော်ခေါင်းဆောင် ပိုင်းတွေရဲ့ အမြင်တွေလည်း ကမ္ဘာနဲ့ ရင်ဘောင်တန်း ရှိလာနိုင်စရာရှိပြီး နိုင်ငံတကာ စစ်တပ်တွေရဲ့ ကျင့်ဝတ်ကျင့်ထုံးတွေ ကို ပိုပြီး နားလည် သိရှိခွင့် ရမှာလည်းဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေး တပ်ဟာ စစ်အေးခေတ်ကတည်းက နိုင်ငံတကာ ပဋိပက္ခတွေမှာ ကြားဝင်ပြီး ငြိမ်းချမ်းရေးအတွက် ဝင်ရောက်ထိန်းသိမ်း ကာကွယ်ပေးတဲ့ တာဝန်တွေကို ယူရလေ့ရှိပြီး  ၁၉၉၁ ခုနှစ် စစ်အေးခေတ်အလွန်ကာလတွေမှာလည်း ပြည်တွင်းစစ်တွေဖြစ်တဲ့ ကွန်ဂို၊ ရဝမ်ဒါ၊ ကိုဆိုဗို စတဲ့ စစ်ပွဲတွေ မှာ ငြိမ်းချမ်းရေး ထိန်းသိမ်းမှု လုပ်ငန်းတွေကို ဝင်ရောက်တာဝန်ယူခဲ့ပါတယ်။




အိမ့်သံစဉ် ~ 






1 comments :

  1. Anonymous said... :

    စစ်သားတွေပို့ရင် သေချာ ရွေးပို့စေခြင်တယ်။ သူများနိုင်ငံကို မကောင်းတဲ့စစ်သားပါ သွားရင် ရှေ့တန်း တိုက်ခိုက်တဲ့နေရာမှာ ရတဲ့အခွင့်အရေးသုံးပြီးလူကြားမကောင်းတဲ့ မုဒိန်းမှု သတင်းတွေ ထွက်လာရင် နိုင်ငံရဲ့ ပုံရိပ်တွေ ကို ထိခိုက် စေနိုင်ပါတယ်။ အဲဒါဆို အမှားကို ပြင်လို့ မမှီတော့ဘူး။

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved