ဆန္ဒပြပွဲနဲ့ မိန်းမလှလေးများရဲ့ ဖက်ရှင်

Friday, January 17, 2014



ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ဆန္ဒပြပွဲတွေမှာ လှပ ချောမောတဲ့ မိန်းကလေး အလန်းတွေလည်း အတော် များများ ပါဝင် လာတာကို ထိုင်း အွန်လိုင်းစာမျက်နှာတွေမှာ တွေ့ရပါတယ်။ 

ဓာတ်ပုံ- bangkokcoconut.com

ဒါကိုပဲ နိုင်ငံရေးမှာ အခုလို အလှပဂေးလေးတွေနဲ့ ဆွဲဆောင်မှုတွေဖန်တီးနေတာလားလို့ တချို့ သတင်း သုံးသပ်သူတွေက လည်း ရေးကြတာတွေ့ရပါတယ်။ 

ထိုင်းနိုင်ငံတော် အလံကို မျက်နှာမှာ ဆေးချယ်၊ နောက် အလံကို ဖက်ရှင်ကျကျ ကိုင်ပြီး လူထု လှုပ်ရှားမှု ပါဝင်နေတဲ့ လှပ ချောမောတဲ့ ထိုင်းမိန်းကလေးတွေက လူမှု ကွန်ရက် ဖေ့စ်ဘုတ်အစရှိတာတွေမှာ တင်လိုက်တဲ့အခါ ထောက်ခံပြီး Like ပေးသူပေါင်း ထောင်၊ သောင်းမက ရှိကြတာပါ။ 

ဆန္ဒပြပွဲ ပါဝင်တာတောင်မှ အလှအပ မြတ်နိုးတဲ့ ထိုင်း မိန်းကလေးတွေဟာ ဖက်ရှင်ကျကျ အလံကိုင်၊ ဖက်ရှင်ကျကျ ထိုင်း အလံကို မျက်နှာမှာ ဆေးရေး၊ ဖက်ရှင် ကျကျ ထိုင်းနိုင်ငံတော် အလံကို လက်နဲ့ ခန္ဓာကိုယ်မှာ ပုံစံအမျိုးမျိုး လုပ်ပြီး ဓာတ်ပုံ ရိုက်ကာ ဖေ့စ်ဘုတ်မှာ တင်ကြတာကိုက ဖက်ရှင်တခု ဖြစ် လာနေတယ်လို့ ထိုင်း အွန်လိုင်း သတင်းတပုဒ်က ဆိုပါတယ်။ 

နိုင်ငံရေးအရ သဘောထားကွဲလွဲမှုတွေ မိန်းကလေးအချင်းချင်းကြားမှာ ဖြစ်လာမှာ စိုးလို့ တချို့မိန်းကလေး
တွေ ကလည်း ဖက်ရှင်ကျကျ အလှဓာတ်ပုံတွေ တင်ပြီး နိုင်ငံရေး မဆွေးနွေးဘူးလို့ ရေးထားတာတွေလည်း ရှိပါတယ်။ ဖေ့စ်ဘုတ် Admin တွေကလည်း နိုင်ငံရေးဆွေးနွေးမှုတွေကနေ ပဋိပက္ခဖြစ်မှာစိုးလို့ တားမြစ် သတိပေးတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။ 

ဘန်ကောက်မြို့မှာ နေထိုင်တဲ့ မြန်မာ တဦးကတော့ ထိုင်းနိုင်ငံက ဆန္ဒပြတယ်ဆိုတာ မြန်မာနိုင်ငံက စစ်အစိုးရလက်ထက် ဆန္ဒပြပွဲတွေလို အသက် တွေ၊ သွေးတွေ၊ ချွေးတွေ မရင်းရပဲ အလှအပတွေနဲ့ အတော်ပျော်စရာ ကောင်းတယ်လို့မှတ်ချက် ပေးပါတယ်။ 


 ဖေ့စ်ဘုတ်ပေါ်က ဘန်ကောက်ဆန္ဒပြပွဲနဲ့ ဖက်ရှင်ကျကျ အလှအပ ဓာတ်ပုံတင်ထားတဲ့ မိန်းကလေးများ 





အိမ့်သံစဉ် ~ 


.

2 comments :

  1. Anonymous said... :

    မြန်​မာပြည်​မှာအလံ​တွေကိုမီးရို့ဖျက်​ဆီးပြီးဆန္ဒပြမယ့်​အစားသူများနိုင်​ငံ​တွေလိုယဉ်​​ကျေးစွာဆန္ဒ​ဖော်​ထုတ်​ကြပါ

  1. Anonymous said... :

    သူတို့ ဆန္ဒပြတာကလဲ ဖက် ရှင် ရှိုးပွဲ နဲ့  တောင် တူသေး

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved