မြန်မာသံရုံးဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်သူကို ထောင် ၇ နှစ်ခွဲချ

Tuesday, January 7, 2014

~


အင်ဒိုနီးရှားမှာရှိတဲ့ မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ဖို့ စီစဉ်ခဲ့တယ်ဆိုတဲ့ Achmad Taufik ကို ဂျကာတာတောင်ပိုင်းခရိုင် တရားရုံးက တနင်္လာနေ့မှာ ထောင် ၇ နှစ်ခွဲ ချက်လိုက်ပါတယ်။


မနှစ်တုန်းက မြန်မာသံရုံးအပြင်ဘက်မှာ တွေ့ရတဲ့ အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Reuters)

မေ ၃၊ ၂၀၁၃ သံရုံးကို တိုက်ခိုက်ရေး အစီအစဉ်မှာ ပါဝင်ပတ်သက်မှုနဲ့ ဒီတရားခံ အပြစ်ရှိတယ်လို့ တရားရုံးက ဆုံးဖြတ်လိုက်တာပါ။

ဒီအကြောင်း ဧရာဝတီသတင်းဌာန သတင်းတပုဒ် http://www.irrawaddy.org/burma/seven-years-failed-burma-embassy-bomber-indonesia.html မှာ ရေးထားပါတယ်။

Seven Years for Failed Burma Embassy Bomber in Indonesia

 http://www.irrawaddy.org/burma/seven-years-failed-burma-embassy-bomber-indonesia.html
တိုက်ခိုက်ဖို့ ပြင်နေတုန်းမှာပဲ  သူနဲ့ Sigit Indrajit ဆိုတဲ့သူကို ရဲတပ်ဖွဲ့က ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တယ်၊ သူတို့ဆီကနေ အိမ်မှာလုပ်တဲ့ ရေပိုက်ဗုံး ၅ ခု ဖမ်းမိတယ်လို့ ဆိုတယ်။
အဲဒီနောက်မှာတော့ ဒီအမှုနဲ့ဆက်စပ်တယ်လို့ ယူဆရတဲ့ သံသယဖြစ်ဖွယ် ၅ ဦးကို ထိန်းသိမ်းပါတယ်။

အခု ထောင်ချလိုက်တဲ့သူက အဓိကစီစဉ်သူတော့မဟုတ်ပါ။ အဓိက စီစဉ်သူက သူနဲ့အတူ မရှေးမနှောင်းမှာ အဖမ်းခံရတဲ့ Sigit Indrajit  ဆိုတဲ့သူ ဖြစ်ဖွယ်ရှိပါတယ် တဲ့။

သူ့ကိုလည်း တနင်္လာနေ့က စီရင်ချက်ချဖို့ပါပဲ။ တရားသူကြီးတွေက ရုံးချိန်းကို လာမယ့် ၂၁ ရက်နေ့ ချိန်းလိုက်ပါတယ်။ အကြောင်းပြချက်တော့ မပေးပါ။

မြန်မာအာဏာပိုင်တွေက ရိုဟင်ဂျာတွေကို ဖိနှိပ်နေတယ်လို့ အင်ဒိုက အကြမ်းဖက်သမားအုပ်စုတချို့က စွပ်စွဲထားပါတယ်။
သူတို့က အဲဒီရိုဟင်ဂျာတွေနဲ့ တသွေးတသားတည်းရှိကြောင်း ပြသဖို့  မြန်မာသံရုံး နဲ့ အဲဒီဒေသက ဘုန်းကြီးကျောင်းတွေကို  ပစ်မှတ်ထားနေကြပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved