စင်္ကာပူမြန်မာသံရုံးအတွက် အလုပ်သမားရေးရာသံမှူး

Friday, January 24, 2014

 ~



မြန်မာသံရုံးတချို့မှာ အလုပ်သမားရေးရာသံမှူးဆိုပြီး ခန့်အပ်ထားတယ်။ အဲဒါက ပြည်ပရောက် မြန်မာပြည်သား အလုပ်သမားတွေအရေး ဆောင်ရွက်ပေးတဲ့ သံတမန်ရာထူး ဖြစ်ပါတယ်။
 -
 


မြန်မာပြည်သားတို့စုဝေးရာ စင်္ကာပူ ပင်နီဆူလား ပလာဇာအနီးက ဘတ်စ်ကားမှတ်တိုင်တခုမှာ စောင့်ဆိုင်းနေသူများ။ သူတို့ထဲက တယောက်သောသူကတော့ ရန်ကုန်တိုင်း နဲ့ အလဲဗင်းဂျာနယ်တို့ ကိုင်ထားပါတယ် (ဓာတ်ပုံ - စည်သူလင်း/ဧရာဝတီ)
 -

စင်္ကာပူ၊ ကူဝိတ်တို့ကိုလည်း အလုပ်သမားရေးရာသံမှူး စေလွှတ်ဖို့ ပြင်ဆင်နေပါပြီ ဆိုပြီး အင်္ဂါနေ့ထုတ်  ကြေးမုံသတင်းစာနောက်ကျောဖုံးသတင်းတပုဒ်မှာ တွေ့ရပါလိမ့်မယ်။

အလုပ်သမားရေးရာသံမှူးတွေ ထားဖို့ ဆိုတာက အဲဒီနိုင်ငံမှာ မြန်မာပြည်သားအလုပ်သမား ဘယ်လောက်များများရှိသလဲ ဆိုတဲ့အပေါ် မူတည်နေတယ်လို့ အလုပ်သမားဌာန ညွှန်ချုပ်တဦးဖြစ်တဲ့ ဦးမျိုးအောင်ကို ကိုးကားပြီး ကြေးမုံမှာ ရေးထားပါတယ်။

 ကိုရီးယား၊ ထိုင်း၊ မလေးရှား တို့မှာပဲ မြန်မာအလုပ်သမားရေးရာသံမှူး ရှိခဲ့တာပါ။
အခုတော့ စင်္ကာပူ၊ ကူဝိတ်တို့မှာလည်း ထားမယ်လို့ ဆိုလာပါပြီ။
အဲဒီမှာရောက်နေတဲ့ မြန်မာပြည်သားတို့အတွက် လုပ်ငန်းခွင်အတွင်း အဆင်မပြေတာတွေ အခွင့်အရေး မရတာတွေနဲ့ ပတ်သက်တဲ့ အခက်အခဲအတော်များများကို မြန်မာသံရုံးက အကူအညီပေး ဖြေရှင်းပေးနိုင်ဖို့ လမ်းပွင့်သွားပြီလို့ ဆိုရပါမယ်။

လစာများတယ်လို့ ဆိုနိုင်တဲ့စင်္ကာပူမှာ မြန်မာပြည်သား အများအပြား ရောက်ရှိနေပြီး အလုပ်အကိုင်မျိုးစုံမှာ ဝင်ရောက်လုပ်ကိုင်နေကြပါတယ်။

ကြာသပတေးနေ့ထုတ် ကြေးမုံသတင်းစာ ကြော်ငြာတခုမှာတော့ စင်္ကာပူမှာ သူနာပြုအလုပ် လုပ်ကိုင်ရင် လစာက  နေ၊ စား စရိတ်ငြိမ်း (ကျပ်) ၅၅ဝ,ဝဝဝ ကနေ ၇ဝဝ,ဝဝဝ အထိ ရနိုင်မယ်လို့ ရေးထားပါတယ်။

 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved