ပလောင် လက်နက်ကိုင်တပ်ဖွဲ့နဲ့ အစိုးရ စစ်တပ် တိုက်ပွဲတွေဖြစ်နေ

Monday, January 27, 2014


ရှမ်းပြည်မြောက်ပိုင်း မြို့နယ်တချို့၌ စိုက်ပျိုးထားသည့် ဘိန်းခင်းများအား ဖျက်ဆီးနေစဉ် တအာင်း (ပလောင်) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) နှင့်အစိုးရ တပ်တို့ တိုက်ပွဲများ ဖြစ် ပွားကြောင်း သိရသည်။ 

TNLA တပ်ရင်း ၁၁၂ တပ်ဖွဲ့ဝင် တချို့ကိုရှေ့တန်း စစ်မြေပြင်တွင် တွေ့ရစဉ် (ဓာတ်ပုံ – ကျော်ခ / ဧရာဝတီ)

နမ့်ဆမ်၊ ကျောက်မဲ၊ မိုးမိတ်၊ ကွတ်ခိုင် စသည့် မြို့နယ်များရှိ ဘိန်းခင်းများကို TNLA တပ်ဖွဲ့ဝင်များက ဖျက်ဆီး နေစဉ် အစိုးရ တပ်မတော် တပ်ရင်း ၅၀၆ တပ်၏ စစ်ကြောင်းမှ ထိုးစစ် ဆင်လာသည့်အတွက် ဇန်န၀ါရီလ ၂၅ ရက်နေ့က နှစ်ဘက် အကြား ထိပ်တိုက်တွေ့၍ တိုက်ပွဲ ဖြစ်ပွားရခြင်း ဖြစ်ကြောင်း TNLA က ဆို သည်။ 

“ဘိန်းခင်းတွေ ဖျက်ဆီးတဲ့ ရာသီဆိုတော့ ကျနော်တို့ တပ်ဖွဲ့က အဲဒီနယ်မြေထဲက ဘိန်းခင်းတွေကို ဖျက်ဆီးနေတုန်း အစိုးရ စစ်တပ်က ထိုးစစ်ဆင်လာလို့ ထိပ်တိုက်တွေ့ ပြီး တိုက်ပွဲဖြစ်ရတာပါ” ဟုTNLA 
ဲပြန်ကြားရေး တာဝန်ခံ မိုင်းအိုက်ကျော် က ဧရာဝတီ ကို ပြောသည်။ 

TNLA တပ်ဖွဲ့ဝင်များသည် ဘိန်းခင်းများအား ဖျက်ဆီးနေရခြင်းကြောင့် ထိုဒေသ တ၀ိုက်တွင် သွားလာ လှုပ်ရှားမှုများ ရှိ ကြောင်း၊ ထို့အတူ အစိုးရ တပ်များကလည်း ၎င်းတို့တည်ရှိရာ နယ်မြေများကို ရောက်ရှိ လာ သည့်အတွက် မကြာခဏ တိုက် ပွဲများ ဖြစ်ပွားနေ ရကြောင်း သိရသည်။ 

တိုက်ပွဲအတွင်း အစိုးရ စစ်တပ်၏ ၅၀၆ တပ်ရင်းမှူး နှင့် တပ်ဖွဲ့ဝင် ၄ ဦး ကျဆုံးသည်ဟု TNLA 
ပြန်ကြားရေးဌာန က ထုတ်ပြန် ချက်တွင် ဖော်ပြထားသော်လည်း သေဆုံးသူ အရာရှိ၏ အမည်ကိုမူ အတည်ပြုရန် ခက်ခဲ ကြောင်း မိုင်းအိုက်ကျော် က ဆိုသည်။ 

TNLA အဖွဲ့နှင့်အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းဖော်ဆောင်မှု အဖွဲ့ ခေါင်းဆောင် ဦးအောင်မင်းတို့ ပြီးခဲ့သည့်နှစ် အ တွင်း တွေ့ဆုံခဲ့ကြသေးသည်။ ထိုသို့ တွေ့ဆုံခဲ့ပြီးနောက်ပိုင်း တိုက်ပွဲပေါင်း ၈၀ ကျော် 
ဖြစ်ပွားခဲ့ကြောင်း၊၂၀၁၃ ခုနှစ်အတွင်း တိုက်ပွဲ ပေါင်း ၁၀၀ ကျော် ဖြစ်ခဲ့ကြောင်း၊ ၂၀၁၄ ခုနှစ်၊ ဇန်န၀ါရီလ တွင် တိုက်ပွဲ ၉ ကြိမ်ရှိကြောင်း TNLA အဖွဲ့က ပြောသည်။ 

လက်ရှိ တိုက်ပွဲများကြောင့် အစိုးရနှင့်လုပ်ဆောင်မည့် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ထိခိုက်မည် မဟုတ်ကြောင်း၊ သို့ သော် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားပြီး၊ ပြင်းထန်း လာပါက ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ကို ထိခိုက်နိုင်ကြောင်း မိုင်းအိုက်ကျော် က ဆိုသည်။ အစိုးရအဖွဲ့နှင့်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့များ အကြား တဘက်တွင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ဆောင်ရွက်နေပြီး တဘက်တွင်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်သည်။ 

တိုက်ပွဲ ဖြစ်ပွားရခြင်းနှင့်ပတ်သက်၍ မြန်မာ ငြိမ်းချမ်း ရေး စင်တာနှင့် အစိုးရ အာဏာပိုင်တို့ထံ ဧရာဝတီ က ဆက်သွယ် ခဲ့သော်လည်း မရခဲ့ပေ။ 



ခင်ဦးသာ ~




.




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved