မြန်မာပြည်အတွက် ၂၀၁၄ က အရေးကြီးတဲ့နှစ်

Sunday, January 12, 2014


~



မြန်မာပြည်အတွက် ဒီနှစ်နဲ့ လာမယ့်နှစ် ဘယ်ဟာက ပိုအရေးပါပါသလဲ။
ဒေါ်အောင်ဆန်းစုကြည်ကတော့ ဒီနှစ်က ပိုအရေးကြီးကြောင်း ပြောနေပါတယ်။


(ဓာတ်ပုံများ - ဇာနည်မာန်/ဧရာဝတီ)


၂၀၁၅ က တိုင်းပြည်အတွက် အရေးကြီးတဲ့နှစ်အဖြစ် မြင်ကြတယ်။
တကယ်တော့ ဒီနှစ် ၂၀၁၄ ကမှ တကယ် အရေးကြီးတဲ့နှစ်ဖြစ်ပါတယ်။
ဒီနှစ်မှာ ဖြစ်ပျက်သမျှ နိုင်ငံရေးရာတွေဟာ ၂၀၁၅ နဲ့ သက်ဆိုင်ပါလိမ့်မယ် လို့ ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ်ခရီးစဉ်မှာ ပြောပါတယ်။

ဒါကြောင့် ဒီနှစ်ထဲမှာ အခြေခံဥပဒေကို ပြင်ဖို့ ကြိုးပမ်းနေကြတာပါလို့ ဆိုပါတယ်။

အသေးစိတ်ကိုတော့ Suu Kyi Wraps Up Constitutional Reform Tour in Northwest Burma
မှာ ဖတ်ရှုနိုင်ပါတယ်။

လင့်က
http://www.irrawaddy.org/burma/multimedia-burma/suu-kyi-wraps-constitutional-reform-tour-northwest-burma.html ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်က ချင်းပြည်နယ် ခရီးစဉ်ကို အဆုံးသတ်လိုက်ပါပြီ။

ဒီခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်က အခြေခံဥပဒေပြင်ဆင်ရေးကို အဓိကထား စည်းရုံး လှုံ့ဆော်သွားပါတယ်။

ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်းခရီးအတွင်း သူ့ကို ကြိုဆိုမှု မြင်ကွင်းတချို့ကို ဖော်ပြပေးလိုက်ပါတယ်။









.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved