ဘန်ကောက်မြို့ ပိတ်ဆို့ရေး ဆန္ဒပြသူများက လုပ်ဆောင်နေ

Monday, January 13, 2014



ထိုင်းနိုင်ငံမှာ ဆန္ဒပြသူတွေက ဘန်ကောက်မြို မြို့ပိတ်ဆို့ရေး လှုပ်ရှားမှု အရှိန်က အရမ်း မြင့်တက် လာနေပါပြီ။ 

ဒီကနေ့ ဘန်ကောက်မြို့ မြင်ကွင်းတခု၊ ဓာတ်ပုံ- ထိုင်း PBS

ဒီကနေ့ ဇန်န၀ါရီလ ၁၃ ရက်နေ့မှာ ထိုင်းနိုင်ငံရဲ့ နေရာအနှံ့ ပိတ်ဆို့မှုတွေ လုပ်မယ်ဆိုတဲ့ သတင်းတွေနဲ့ တပြိုင်နက် ဇန်န၀ါရီလ ၁၁ ရက်နေ့ ည ၇ နာရီလောက်ကတည်း က ဘန်ကောက်မြို့ဝင် လမ်းမကြီးတွေ လည်း ပိတ်သွားခဲ့ပါတယ်။ 

ဘန်ကောက်မြို့က ကုန်တိုက်ကြီးတွေမှာလည်း မနေ့က တနေကုန် ဈေးဝယ်သူတွေနဲ့ ပြည့်ကျပ်နေခဲ့ပြီး ကုန်ပစ္စည်း ပြတ်လပ်မှုတွေဖြစ်သွားတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြထားပါတယ်။ 

ဆန္ဒပြ ခေါင်းဆောင်တွေရဲ့သတ်မှတ် ထားတဲ့ ရက်အတိုင်း လက်ရှိ ယင်းလတ် ရှင်နာဝပ် အစိုးရ မဆင်း မချင်း ဆက်လက် ဆန္ဒထုတ်ဖော်မှုတွေ လုပ်ဆောင်သွားမယ်ဆိုတဲ့အတိုင်း အခုလို လမ်းပိတ်ဆို့မှုတွေ လုပ်ဆောင်နေ တာဖြစ်ပါတယ်။ 

ဘန်ကောက် မြန်မာသံရုံးကတော့ မကြာ သေးခင်ကပဲ ကြေညာချက် ထုတ်ပြန်ကာ ထိုင်း ဆန္ဒပြမှုတွေမှာ 
မြန်မာရွှေ့ပြောင်းအလုပ်သမားတွေနဲ့ ထိုင်းနိုင်ငံရောက် မြန်မာတွေအနေနဲ့ ပါဝင်းခြင်း မပြုကြဖို့ နှိုးဆော် သတိပေးထားပါတယ်။ 

အဲဒီကြေညာချက်မထွက်ပေါ်ခင်က ဆန္ဒပြမှု ဖြစ်စဉ်အတွင်း မြန်မာနိုင်ငံသား တဦး သေနတ်ထိမှန်လို့ 
ဆေးရုံတက်ကာ ဆေးကုသမှု ခံယူခဲ့ရပါသေးတယ်။ 

ထိုင်းနိုင်ငံက ဒီကနေ့ ဆန္ဒပြမှုနဲ့ မြို့ပိတ်ဆို့မှုလုပ်ရပ်တွေအပေါ် နိုင်ငံတကာ စာနယ်ဇင်းတွေကလည်း အမျိုး မျိုး ရေးသားပြနေကြပါတယ်။

ဓာတ်ပုံ- Thai PBS

 





















အိမ့်သံစဉ် ~


0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved