ခွဲခြားမှုတွေ ရပ်တန့်ပေးပါ ( ရုပ်/သံ)

Friday, January 24, 2014


ထိုင်း မြန်မာနယ်စပ်က နို့ဖိုး ဒုက္ခသည်စခန်းမှာ ခွဲခြားဆက်ဆံမှုတွေ ရပ်တံ့ပေးဖို့အတွက် ဒုက္ခသည်တွေက စခန်းတွင်းမှာရှိတဲ့ UNHCR ရုံးကို ဆန္ဒထုတ်ဖေါ်တဲ့ ရုပ်သံဖြစ်ပါတယ်။ 

 နို့ဘိုးစခန်းတွင် UNHCR အရာရှိတချို့လာစဉ် ခွဲခြားမှုတွေရပ်တန့်ပေးရေးဆန္ဒပြနေစဉ်

 ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်၊ အုန်းဖျန်မြို့နယ်ရှိ နို့ဘိုး ဒုက္ခသည်စခန်းတွင် လူ့အခွင့်အရေး ချိုးဖေါက်မှု များနဲ့ ခွဲခြား ဆက်ဆံမှုများ ရှိနေတယ်ဆိုတဲ့ ကုလသမဂ္ဂ ဒုက္ခသည် မဟာမင်းကြီးရုံး UNHCR အား အဆိုပါလုပ်ရပ်များ ရပ်တန့်ပေးရေး ဇန်နဝါရီလ ၂၂ ရက်နေ့ မနက်ပိုင်းက ဆန္ဒပြမှုတခု ဖြစ်ပွားခဲ့ တာပါ။ 

“ကုလသမဂ္ဂ ပဋိဥာဉ်စာတမ်းကြီးမှာကိုယ်က လူသားအချင်းချင်း ခွဲခြားဆက်ဆံလို့မရဘူးဆိုတာကို ပြဋ္ဌာန်း ထားပါ လျှက်နဲ့ UNHCR ကိုယ်တိုင်ကနေ ဒီကနေ့ လူ့အခွင့်အရေးတွေ ချိုးဖောက်ပြီးခွဲခြားဆက်ဆံနေ တာတွေ့ ရတဲ့ အတွက် အဲဒီလိုခွဲခြားခြင်းတွေ ရပ်တန့်ပေးဖို့ ဆန္ဒပြတာဖြစ်ပါတယ်”ဟု ဆန္ဒပြသူ တဦးက ဧရာဝတီကိုပြောပါတယ်။ 

တတိယနိုင်ငံတွေမှာ မိသားစုဆွေမျိုးများရှိရင် UNHCR က တတိယနိုင်ငံအခြေချခွင့်ကိစ္စ မိသားစု ပြန် လည် ပေါင်း စည်းရေး အစီအစဉ်နဲ့ ဆောင်ရွက်ပေးနေပြီး တတိယနိုင်ငံတွေမှာ မိသားစုဆွေမျိုးများမရှိပါက တတိယနိုင်ငံအခြေ ချခွင့် ကူညီဆောင်ရွက်ပေးမှု မရှိကြောင်း၊ ဒုက္ခသည်အားလုံးအား တန်းတူညီမျှ ကူညီစောင့်ရှောက်ပေးရန် လိုကြောင်း UNHCR က အရာရှိတချို့ အဲဒီ ဒုက္ခသည် စခန်းကို လာရောက်တဲ့ အချိန်မှာ အခုလို ဆန္ဒဖော်ထုတ် တင်ပြခဲ့တာလို့ သူက ဆက်ပြောထားပါတယ်။


  


 


.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved