~
မြောက်ကိုရီးယားကို အမေရိကန်ဘတ်စကက်ဘော အကျော်အမော် Dennis Rodman ရောက်သွားပြန်ပါပြီ။
ဘတ်စကက်ဘောသမားဟောင်းအဖွဲ့ကို ဦးဆောင်ပြီး သူရောက်သွားရခြင်းက မြောက်ခေါင်းဆောင် ကင်ဂျုံအန်ရဲ့မွေးနေ့အတွက်ပါ။
နေကာမျက်မှန်နဲ့ Dennis Rodman (ဓာတ်ပုံ - Reuters)သူက ယခင်ခရီးစဉ်များတုန်းကတော့ မြောက်ခေါင်းဆောင်ကင်ဂျုံအန်ရဲ့ဧည့်သည်တော်အဖြစ်ပဲ အချိန်ကုန်ခဲ့တယ်လို့ ဆိုတယ်။ မြောက်ခေါင်းဆောင်နဲ့သူနဲ့က
ဘော်ဒါတွေပါလို့ ဆိုတယ်။ သို့သော်လည်း တတိယခရီးစဉ်မှာတော့ သူတို့နှစ်ယောက် မဆုံဖြစ်ခဲ့ဘူးလို့ သိရပါတယ်။
မြောက်ကိုရီးယားပြည်တွင်းနိုင်ငံရေးကိစ္စကိုတော့ သူ ဝင်ရှုပ်မယ်မဟုတ်ဘူးလို့ ပြောပါတယ်။
ကင်ဂျုံအန်က ကျုပ်အတွက်တော့ မိတ်ဆွေကောင်းပါပဲ၊ နိုင်ငံရေးအရ သူဘာပဲလုပ်နေနေ အဲဒါဟာ ကျုပ်အလုပ်မဟုတ်ဘူး၊ ကျုပ်က အားကစားသမားပါ လို့ သူက ဆိုပါတယ်။
ဒီအကြောင်း Rodman Lands in North Korea for Basketball on Kim’s Birthday ခေါင်းစဉ်တပ် သတင်းမှာ ဖော်ပြထားပါတယ်။
ဧရာဝတီစာမျက်နှာ http://www.irrawaddy.org/asia/rodman-lands-north-korea-basketball-kims-birthday.html မှာ အပြည့်အစုံ ဖတ်နိုင်ပါပြီ။
မြောက်ကိုရီးယားကို သူ ရောက်သွားချိန်ဟာ ကင်ဂျုံအန်ရဲ့ဦးလေးဖြစ်သူ ကွပ်မျက်ခံရပြီးချိန်နဲ့ တိုက်ဆိုင်နေတာပါ။
ယခင်လတုန်းက ကွပ်မျက်ခံရတာဖြစ်ပါတယ်။
ဒီကွပ်မျက်မှုကြောင့် မြောက်သတင်းက နိုင်ငံတကာမှာ စိတ်ဝင်စားစရာသိပ်ကောင်းတဲ့အခြေအနေ ဖြစ်နေပါပြီ။
ဘတ်စကက်ဘောသမား Dennis Rodman ကို ခရီးစဉ်နဲ့ ပတ်သက်ပြီး CNN က အင်တာဗျူးခဲ့ပါတယ်။ မြောက်မှာ အဖမ်းခံထားရတဲ့ အမေရိကန်နိုင်ငံသား Kenneth Bae လွတ်မြောက်ရေး အတွက် ပြောဆိုပေးနိုင်ခြင်း ရှိမရှိ အင်တာဗျူးအတွင်း မေးခဲ့ပါတယ်။ သူက ဒီမေးခွန်းကို ဒေါသတကြီး အဖြေပေးရာမှာ ... အဖမ်းခံရခြင်းက တခုခု အမှားလုပ်မိလို့ဖြစ်မှာပေါ့လို့ ဖြေခဲ့ပါတယ်။
သူ့အဖြေက အမေရိကန်ုနိုင်ငံမှာတော့ အငြင်းပွားစရာဖြစ်နေပါတော့တယ်။
မူရင်းသတင်း - Rodman Lands in North Korea for Basketball on Kim’s Birthday
http://www.irrawaddy.org/asia/rodman-lands-north-korea-basketball-kims-birthday.html
.
0 comments :
Post a Comment