ဝန်ကြီး ဦးအောင်မင်းနဲ့ ဒု ဗိုလ်ချုပ်ကြီး ယွက်စစ်တို့ ချင်းမိုင်မှာ တွေ့ဆုံ

Thursday, January 30, 2014

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အလုပ်အဖွဲ့ ခေါင်းဆောင် သမ္မတရုံး ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ ရှမ်းပြည် တပ်မတော် တောင်ပိုင်း RCSS/ SSA ခေါင်းဆောင် ဒု ဗိုလ်ချုပ်ကြီး ယွက်စစ် ဦးဆောင်တဲ့ အဖွဲ့တို့ဟာ ထိုင်းနိုင်ငံ ချင်းမိုင်မြို့ Green Lake Resort မှာ ဒီကနေ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မနက်ပိုင်းက ငြိမ်းချမ်းရေးကိစ္စတွေ ဆွေးနွေးခဲ့ကြပါတယ်။ 

ယနေ့ မနက် ဆွေးနွေးပွဲအပြီး UPWC နဲ့ RCSS/ SSA ခေါင်းဆောင်များ အမှတ်တရ ဓာတ်ပုံရိုက်ကူးစဉ်၊ 
ဓာတ်ပုံ- Nyo Ohn Myint's facebook


ဦးအောင်မင်း ဦးဆောင်တဲ့ UPWC ဟာ ယမန်နေ့ကတော့ တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ တနိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး တာဝန်ယူဆွေးနွေးညှိနှိုင်းရေးဆိုင်ရာ အလုပ်အဖွဲ့ NCCT ခေါင်းဆောင်တွေဟာ လောခီးလာ သဘောတူညီချက်ဆိုတဲ့ စာမျက်နှာ ၂၈ မျက်နှာပါ အခန်း ၁၁ ခန်းနဲ့ ပတ်သက်တဲ့ စကားလုံး အသုံးအနှုန်းစတာတွေကို အလွတ်သဘော ဆွေးနွေးခဲ့ကြပါတယ်။ 





















0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved