မြန်မာသံရုံးဗုံးခွဲဖို့ကြံစည်သူကို ထောင် ၇ နှစ်ခွဲချ

Wednesday, January 22, 2014

 ~

 
ဂျကာတာမြို့မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်မှုမှာ အဓိက ဦးဆောင်ခဲ့သူကို အင်ဒိုနီးရှားတရားရုံးတခုက အင်္ဂါနေ့မှာ ထောင် ၇ နှစ်ခွဲ ချလိုက်ပါတယ်။
 -


မနှစ်တုန်းက မြန်မာသံရုံးအပြင်ဘက်မှာ တွေ့ရတဲ့ အင်ဒိုနီးရှား လုံခြုံရေးတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ - Reuters) -
သူကတော့ Sigit Indrajit ဆိုသူ ဖြစ်ကြောင်း ဧရာဝတီသတင်းတပုဒ် Indonesian Jailed for Plan to Attack Embassy  မှာ ရေးထားပါတယ်။
http://www.irrawaddy.org/asia/indonesian-jailed-plan-attack-embassy.html မှာ ဖတ်နိုင်ပါပြီ။

သူနဲ့အပေါင်းအပါတွေဟာ သံရုံးကိုတိုက်ခိုက်ဖို့ ကြံစည်ရာမှာ Facebook သုံးပြီး အဆက်အသွယ်လုပ်တာမျိုးလို ပေါ့ပေါ့ဆဆ လှုပ်ရှားခဲ့ကြတာဖြစ်တယ်လို့ သိရပါတယ်။
သံရုံးကိုတိုက်ခိုက်မယ်ဆိုပြီးခြိမ်းခြောက်တာကိုလည်း Facebook မှာပါပဲ တဲ့။

အခု ထောင် ၇ နှစ်ခွဲ ကျသွားတဲ့ Sigit Indrajit  က အသက် ၂၃ နှစ် ရှိပါပြီ။
မနေ့က သူ့ကို အဲသလို စီရင်ချက်ချချိန်မှာ နောင်တရတဲ့ပုံမပြဘူးလို့ ဆိုပါတယ်။

တရားရုံးကအပြန် သူ့ရှေ့နေရဲ့တယ်လီဖုန်းကနေပြောကြားရာမှာတော့ ... ပြန်လွတ်လာရင် တိုက်ခိုက်တာ ဆက်လုပ်မယ်လို့ ပြောပါတယ်။

အစောပိုင်း တရားရုံးမှတ်တမ်းတွေအရ သူတို့အုပ်စုက ဗုံးခွဲမှုတွေအတွက် သူ့အိမ်မှာ ပြင်ဆင်လေ့ကျင့်တယ်၊ ကုန်ကျစရိတ်အတွက် သူ စီမံခန့်ခွဲတယ်လို့ ဆိုပါတယ်။

မြန်မာသံရုံးကိုအသွားမှာ သူ့အဖွဲ့ထဲက ၂ ယောက်ကို အိမ်လုပ်ဗုံး ၅ လုံးနဲ့ ဖမ်းမိတယ်၊  သူ့ကိုတော့ နောက်ပိုင်းမှာ ဖမ်းမိတာပါ။
သူ့အိမ်ကို ရှာဖွေရာမှာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေ တွေ့တယ်လို့ ဆိုတယ်။

ထောင်ထဲက အထင်ကရ အစွန်းရောက်ခေါင်းဆောင် Abu Bakar Bashir က မွတ်စလင်တွေ မြန်မာပြည်သွားပြီး တိုက်ခိုက်ကြဖို့ လှုံ့ဆော်တိုက်တွန်းအပြီးမှာ သူတို့ရဲ့ မြန်မာသံရုံးကိုဗုံးခွဲဖို့ပြင်ဆင်တဲ့ အစီအစဉ် ပေါ်ပေါက်လာတာပါ။

မြန်မာသံရုံးအပြင် သူတို့ တိုက်ခိုက်ဖို့ ပြင်ဆင်ခဲ့တဲ့ နေရာကတော့ မြို့တော်ဂျကာတာက ပြည့်တန်ဆာတွေ ကျက်စားတဲ့နေရာဖြစ်ပါတယ်။

မူရင်းသတင်း Indonesian Jailed for Plan to Attack Embassy  ကို
http://www.irrawaddy.org/asia/indonesian-jailed-plan-attack-embassy.html မှာ ဖတ်နိုင်ပါတယ်။

 



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved