ရွာသူကြီးအမိန့်အရ အမျိုးသမီးကို အုပ်စုဖွဲ့ မတရားကျင့်

Saturday, January 25, 2014

~

အိန္ဒိယနိုင်ငံမှာ အသက် ၂ဝ အရွယ် အမျိုးသမီးတဦးကို ကျေးရွာခုံရုံးရဲ့စီရင်ချက်အရ အမျိုးသား ၁၃ ဦးက ဝိုင်းဝန်း မုဒိမ်းကျင့်ခဲ့တယ်လို့ ရဲအရာရှိကြီးတဦးက ကြာသပတေးနေ့မှာ ပြောလိုက်ပါတယ်။
 -
 


Students in Ahmedabad, India, hold candles as they pray during a candlelight vigil for a woman who in December 2012 was gang-raped on a bus. This week police announced another 20-year-old woman in West Bengal was gang-raped as punishment by a village court for allegedly falling in love with someone from another community. (Photo: Reuters)
 -
ဒီအမျိုးသမီးရဲ့ပြစ်မှုက တခြားရွာသားတဦးနဲ့ ငြိစွန်းနေခြင်းလို့ ဆိုပါတယ်။

ဒီအကြောင်း ဧရာဝတီပင်မစာမျက်နှာက Indian Woman Says Gang-Raped on Orders of Village Court ဆိုတဲ့ သတင်းတပုဒ်  http://www.irrawaddy.org/asia/indian-woman-says-gang-raped-orders-village-court.html မှာ ရေးထားပါတယ်။

အနောက်ဘန်ဂေါပြည်နယ်ရဲ့ Birbhum ဒေသမှာ အဲဒီလို ပြုမူခံရတာဖြစ်တယ်လို့ ဒီအမျိုးသမီးက ရဲကို ထွက်ဆိုပါတယ်။ အခုတော့ ဒီအမျိုးသမီး ဆေးရုံတခုကိုရောက်နေပါတယ်။

ဒီအမျိုးသမီးကို အိမ်ထဲမှာ စော်ကားနေချိန် သူ့အမျိုးသားကိုတော့ အပြင်ဘက် တနေရာမှာ ကြိုးတုပ်ထားတယ်လို့ ဆိုတယ်။

အမျိုးသား ၁၃ ယောက်စလုံးကို ထိန်းသိမ်းထားတယ်၊ အုပ်စုလိုက်မုဒိမ်းကျင့်ဖို့အမိန့်ပေးတဲ့ ရွာသူကြီးကိုလည်း ထိန်းသိမ်းထားတယ် လို့ Birbhum ဒေသ ရဲဌာနအကြီးအကဲ  C. Sudhakar က ပြောပါတယ်။

ဒီအမျိုးသမီးရဲ့မိသားစုက စာနယ်ဇင်းတွေကို ပြောပြတာကတော့ ... သူနဲ့ တခြားဒေသကအမျိုးသား ငြိစွန်းကြခြင်းဟာ မျိုးနွယ်စုရဲ့ဓလေ့ကို ဆန့်ကျင့်ရာရောက်တယ်လို့ ကျေးရွာခုံရုံးက ယူဆတာကြောင့်ဖြစ်တယ်၊
သူတို့နှစ်ဦးက ဒဏ်ကြေး ရူပီး နှစ်သောင်းခွဲ (ဒေါ်လာ လေးရာ) ပေးဆောင်ရတယ်၊ ဒါ့အပြင် အမျိုးသမီးကို မတရားကျင့်ဖို့ သူကြီးက အမိန့်ပေးခဲ့တာလို့ ဆိုပါတယ်။

အနောက်ဘန်ဂေါပြည်နယ်ဟာ အမျိုးသမီးတွေကို အကြမ်းဖက်ရာမှာ ထင်ရှားတဲ့နေရာ ဖြစ်နေပါပြီ။ ပြည်နယ်ဝန်ကြီးချုပ် Mamta Banerjee  လည်း ဒီအမှုတွေရပ်သွားရေးအတွက် လုံလောက်တဲ့ လှုပ်ရှားဆောင်ရွက်မှု မရှိဘူး ဆိုပြီး ဝေဖန်ခံနေရတာပါ။

ပြည်နယ်မြို့တော် ကာလကတ္တားမှာ ၁၆ နှစ်အရွယ် အမျိုးသမီးတဦး အုပ်စုဖွဲ့မတရားကျင့်ခံရစဉ် ဟန့်တားကာကွယ်ခြင်းမရှိဘူးဆိုပြီး ရဲတွေကို ဆန္ဒပြကန့်ကွက်ခဲ့ကြပါသေးတယ်။
နောက်ပိုင်းမှာ ဒီအမျိုးသမီး အသတ်ခံရတယ်လို့ ဆိုပါတယ်။

၂၀၁၂ ဒီဇင်ဘာတုန်းကလည်း မောင်းနေတဲ့ဘတ်စ်ကားတစီးပေါ်မှာ အုပ်စုလိုက်မုဒိမ်းပြုကျင့်မှုတခု အိန္ဒိယမှာ ဖြစ်ခဲ့ပါသေးတယ်။
အဲဒီကတည်းကစပြီး လိင်ပိုင်းဆိုင်ရာပြစ်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကို တင်းကျပ်ခဲ့တာပါ။

ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာလည်း အသက် ၅၁ နှစ်အရွယ် ဒိန်းမတ် ခရီးသွား အမျိုးသမီးတဦး ဒေလီမှာ အုပ်စုလိုက်မတရားပြုကျင့်တာခံရတယ်၊ သူ့ကို မတရားပြုကျင့်ခဲ့သူပေါင်း အနည်းဆုံး ၅ ဦး ရှိမယ်လို့ ဆိုပါတယ်။

မူရင်းသတင်းကို
Indian Woman Says Gang-Raped on Orders of Village Court ဆိုတဲ့ သတင်းတပုဒ်  http://www.irrawaddy.org/asia/indian-woman-says-gang-raped-orders-village-court.html မှာ ဖတ်နိုင်ပါတယ်။

 
.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved