စီ ရော်နယ်ဒို FIFA Ballon d'Or ဆု ဒုတိယအကြိမ် ထပ်ရ

Tuesday, January 14, 2014


ပေါ်တူဂီနိုင်ငံသား ကမ္ဘာကျော် ဘောလုံးသမား ခရစ်စတီယာနို ရော်နယ်ဒိုဟာ ဖီဖာက ချီးမြှင့်တဲ့ ၂၀၁၃ ခုနှစ် အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆု (2013 Ballon d'Or) ကို ဒုတိယအကြိမ် ထပ်ရ သွားပါပြီ။

 ၂၀၁၃ ခုနှစ်အတွက် ကမ္ဘာ့အကောင်းဆုံး ဘောလုံးသမားဆုကို စီရော်နယ်ဒို လက်ခံယူစဉ်

ဖီဖာရဲ့ မဲပေးမှု စနစ်အရ နောက်ဆုံး ဇကာတင် အဆင့်ကို  ရီးရဲမက်ဒရစ် ကစားသမား စီ ရော်နယ်ဒိုနဲ့ မက်ဆီ ၂ ဦးက ရောက်လာ ခဲ့ပြီး စီ ရော်နယ်ဒိုက မက်ဆီ ကို ကျော်ဖြတ်ကာ အခုလို ဒုတိယအကြိမ် ကမ္ဘာ့အကောင်းဆုံး ဘောလုံး သမားဆု ကို ရသွားတာပါ။ 

ဇန်နဝါရီလ ၁၃ ရက် နေ့က ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့မှာ အခုလို ဆုပေးပွဲ အခမ်းအနားကို ကျင်းပခဲ့တာ ပါ။ 

မေးလ် အွန်လိုင်း သတင်းမှာ စီရော်နယ်ဒိုနဲ့ မက်ဆီတို့ဟာ တယောက်ကိုတယောက် မဲ မပေးခဲ့ဘူးလို့ လည်း ဖော်ပြထားပါတယ်။ 

မက်ဆီနဲ့ စီ ရော်နယ်ဒိုတို့ဟာ ကမ္ဘာမှာ ရေပန်း အစားဆုံး ဘောလုံး ကစားသမား ၂ ဦးဖြစ်တော့ အခုလို မဲပေးရွေးချယ်မှုမှာ ရင်ခုန်စရာဖြစ်ခဲ့ရတာပါ။

   

 ဆုယူအပြီး မှတ်တမ်းပုံကို ရော်နယ်ဒို က သူ့ ဖေ့စ်ဘွတ်မှာ ဖော်ပြထားပုံ

 ဆုကြေညာအပြီး စိတ်လှုပ်ရှားနေတဲ့ စီရော်နယ်ဒို

 ဆုပေးပွဲ တက်လာတဲ့ မက်ဆီတို့ အတွဲ

 ဆုပေးပွဲအပြီး စီ ရော်နယ်ဒို တို့ မိသားစု




အိမ့်သံစဉ် ~




0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved