ရန်ကုန်ကအပတ်စဉ်ထုတ် ဧရာဝတီဂျာနယ် ကရင်သူပုန်လက်ထဲရောက်သွားတာ သုံးပတ်ရှိသွားပါပြီ။
+(0+-+n+(Custom)+(2)+(Custom).jpg)
-
ရန်ကုန်ကနေမြ၀တီ-ပြီးတော့နယ်ခြားသောင်ရင်းမြစ်ကိုဖြတ်-မဲဆောက်ခန၀င်ပြီး ကရင်သူပုန်
စခန်းရှိတဲ့-ကီလိုမီတာ ၁၃၀ အကွာအဝေးက စာဖတ်တဲ့သူပုန်ဆီကို ရောက်သွားတာပါ။
ကရင်သူပုန်တွေပြောတာက မြန်မာဂျာနယ်ထဲမှာ ဧရာဝတီကထူးခြားတယ်- ဖတ်လို့ကောင်းတယ်ဆိုပြီး သဘောထားပေးပါတယ်။
သူတို့ဒီလိုပြောတာ ဂျာနယ်အလကားရလို့လည်း ဖြစ်နိုင်ပါတယ်-သူတို့ဆီကိုဂျာနယ်တွေက ကြာကြာမှတခါ ရောက်တာလို့ သိရပါတယ်။
ကရင်သူပုန်တွေ ဧရာဝတီနဲ့အခြားဂျာနယ်တွေဖတ်နိုင်ဘို့ မဲဆောက်မှာနေတဲ့ ကရင်သူဌေးတဦးက အလျှင်းသင့်သလို အခမဲ့ပို့ပေးတာရှိသလို သူပုန်အချို့လည်း ၀ယ်ယူဖတ်ရှုကြတာ ၀မ်းမြောက်ဖွယ်ရာတွေ့ရပါတယ်။
ဘာဘဲဖြစ်ဖြစ် စာဖတ်တာကတော့ တကယ်အကျိုးရှိပါတယ်- ရဲဘော်တို့ရေ ဖတ်သာဖတ်ကြ-ဖတ်နိုင်သလောက်အကျိုးရှိတာစာပေတွေဘဲ။
သူပုန်တွေအတွက် စာတိုပေစတွေ လှူ ချင်တယ်ဆိုရင် ဆက်သွယ်ပါ အရောက်ပို့ပေးမယ်။
အခုတင်လိုက်တဲ့ပုံက ဒီနေ့မနက်ပိုင်းက ဒေါနတောင်ခြေမှာရှိတဲ့ ကရင်သူပုန်တွေ ဂျာနယ်ဖတ်နေတဲ့ပုံပါ။
- ဓာတ်ပုံ-မန်းမျိုးမြင့်(ဧရာဝတီ)
(မဲဆောက်မှာနေတဲ့ ကရင်သူဌေးတဦး ဆိုတာ ဒီဓာတ်ပုံဆရာဖြစ်ဖွယ်ရှိပါတယ်)
.
စာဖတ်တာကောင်းပါတယ်အားပေးပါတယ်
သူတို့လဲစာဖတ်ချင် မှာပေါ့ များများဖတ်
goodright.