Me N Ma Girls အဆိုတော်တွေရဲ့ မလေးရှားမှာ ပြုတဲ့ ကုသိုလ်

Monday, January 20, 2014

မြန်မာနိုင်ငံက နာမည်ကြီး ပေါ့ပ် ဂီတဝိုင်း တခုဖြစ်တဲ့ Me N Ma Girls အဖွဲ့က အမွန်းနဲ့ ကင်မီတို့ ၂ ဦးဟာ မလေးရှားနိုင်ငံ ၊ ကွာလာလမ်ပူမှာ အခြေစိုက် Ti-Ratana Welfare Society ဆိုတဲ့ ရတနာ သုံးမျိုး လို့ အဓိပ္ပာယ် ရတဲ့ ဂရုဏာရိပ်မြုံတခု ကို ရုတ်တရက် သွားရောက်ပါတယ်။ 

မလေးရှားက စောင့်ရှောက်ခံ ကလေးငယ်တွေနဲ့ အတူတွေ့ရတဲ့  Me N Ma Girls အဖွဲ့က အဆိုတော် အမွန်းနဲ့ ကင်မီ၊ 
ဓာတ်ပုံ- New Straits Times

၁၉၉၄ ခုနှစ်က "K. Sri Dhammaratana တည်ထောင်ထားတဲ့ ရတနာ ၃ မျိုး၊ ဂရုဏာ ရိပ်မြုံဆိုတာ ကလေး ၂၅၀ ကျော်ကို နေစရာ အိမ် ၃ လုံးနဲ့ ပညာရေး ကျန်းမာရေး စောင့်ရှောက်မှုတွေ ပေးနေသလို 
ကျေးလက်ဒေသတွေက သက် ကြီး ရွယ်အိုတွေကိုလည်း အိမ် ၂ လုံးနဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ လုပ်ပေးနေတဲ့ ပရဟိတအဖွဲ့တခုပါ။ 

အဲဒီ ဂရုဏာ ရိပ်မြုံမှာ သူတို့ ၂ ဦးဟာ ၁ နာရီကျော်နေခဲ့ပြီး သီချင်းတွေနဲ့ ဖျော်ဖြေ၊ အားပေးစကား
တွေပြော၊ ပြီးတော့ စောင့်ရှောက်ခံ ကလေး ၂၅၀ ကျော်ကိုလည်း အားပေးစကားတွေ ပြောခဲ့တယ်လို့ မလေးရှား စထရိတ်တိုင်းမ်း သတင်း တပုဒ်က ဖော်ပြပါတယ်။ 

အခုလို ဒီခရီးစဉ် ကို လာရတာ အရမ်းပျော်ကြောင်းနဲ့ ကလေးတွေကို ပျော်ရွှင်အောင် လုပ်ပေးရတာ ကြည်နူးကြောင်း အမွန်း က အဲဒီ သတင်းမှာ ပြောထားပါတယ်။ 

“ဒီမှာ ရှိတဲ့ ကလေးတွေက ကံမကောင်း အကြောင်းမလှပေမယ့် သူတို့က ကျမတို့ကို တောက်ပတဲ့ အပြုံးတွေနဲ့ ဆီးကြိုတယ်၊ ကျမတို့လည်း နောက်ထပ် ဒီကို ထပ်ပြီး အလည်လာနိုင်မယ်လို့ မျှော်လင့်တယ်” လို့ အမွန်းက ဆိုပါတယ်။ 

နောက်လည်းပဲ ဋ္ဌာနေ မြန်မာနိုင်ငံမှာ ကူညီရေး လုပ်ငန်းတွေ လုပ်ရုံသာမက အခုလို အိမ်နီးချင်းနိုင်ငံတွေ မှာလည်း အခုလို ကူညီမှုတွေ လုပ်သွားမှာပါလို့လည်း သူက ပြောထားပါသေးတယ်။ 

Ti-Ratana တည်ထောင်သူ Venerable Datuk K. Sri Dhammaratana Nayaka Maha Thero က အခုကို ကမ္ဘာ ကျော်နေပြီဖြစ်တဲ့ Me N Ma Girls ပေါ့ပ်ဂီတအဖွဲ့ဝင် ၂ ဦး ရုတ်တရက်ကြီး ရိပ်မြုံကို 
ရောက်လာလို့ အလွန် ခံစားရကြောင်းပြောပါတယ်။ 

“ဘာသာ မတူ လူမျိုးကွဲပေမယ့် ဒီမိန်းကလေးတွေက ဒီက ကလေးငယ်တွေနဲ့ အချိန်တိုတိုနဲ့ နွေးထွေးတဲ့ သံယောဇဉ် ဖြစ်သွားကြတယ်” လို့ သူက ပြောပါတယ်။ 

၂၀၁၀ နောက်ပိုင်းမှ စတင်ပေါ်ပေါက်လာခဲ့တဲ့ မြန်မာ အမျိုးသမီး ပေါ့ပ်ဂီတအဖွဲ့ Me N Ma Girls အဖွဲ့ဟာ အမေရိကန် ပြည်ထောင်စု လော့စ်အိန်ဂျလိစ် (Los Angeles) မြို့က Power Music Industry ဆိုတဲ့ ဂီတ ကုမ္ပဏီတခုကနေ အယ်လ်ဘမ် ထုတ်ဖို့အတွက် ကမ်းလှမ်းခံရတဲ့ အဖွဲ့လည်းဖြစ်ပါတယ်။



မြန်မာတေးသီချင်းများရော အင်္ဂလိပ်တေးသီချင်းများကိုပါ သီဆို ဖျော်ဖြေတဲ့ ဒီအဖွဲ့ဟာ ချာချာ၊ ထိုက်ထိုက်၊ အမွှန်း၊ ဝေနှင်းနဲ့ ကင်မီ စတဲ့ အမျိုးသမီး ၅ ယောက်နဲ့ ဖွဲ့စည်းထားတာပါ။ 





အိမ့်သံစဉ် ~ 







 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved