မောင်းတောကိစ္စ MRTV က ကြေညာတဲ့သတင်း

Thursday, January 23, 2014


ရခိုင်ပြည်နယ် မောင်းတောက သတင်းကိစ္စ ရခိုင်ပြည်နယ် အစိုးရက ဇန်နဝါရီလ ၂၂ ရက် ည ၉ နာရီ သတင်းမှာ ထပ်မံ ဖြေရှင်းချက် ထုတ်ပြန်လိုက်ပါတယ်။ 


မြန်မာ့အသံနှင့် ရုပ်မြင်သံကြား MRTV က ထုတ်ပြန်ကြေညာချက်တွင် မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းမှ နယ်မြေ လုံခြုံရေး ပူးပေါင်း အဖွဲ့ လှည့်ကင်း ဆောင်ရွက်စဉ် ဒုချီးရားတန်းရွာတွင် ဘင်္ဂလီများက အုပ်စုဖွဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ရဲတပ်ကြပ်ကြီး တစ်ဦး သေနတ် (၁)လက်၊ ခဲယမ်း အချို့နှင့် အတူ ပျောက်ဆုံး ဆိုပြီး ကြေညာပါတယ်။ 

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်၊ ခရေမြိုင် ရဲကင်းမှ ရဲတပ်ကြပ်ကြီး အောင်ကျော်သိန်း ဦးစီး ပူးပေါင်း အဖွဲ့သည် နယ်မြေ လုံခြုံရေး လှည့်ကင်း ဆောင်ရွက်စဉ် ဒုချီးရားတန်း (အလယ်) ရွာသို့ အရောက် ဘင်္ဂလီများအား အုပ်စုဖြင့် အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဖြစ်စဉ်နှင့် ပတ်သက်ပြီး သက်ဆိုင်ရာ ဌာနများကို ဆက်သွယ် အတည်ပြုခြင်း မရှိဘဲ AP သတင်းဌာနနှင့် ဧရာဝတီ သတင်းဌာနတို့ က 
မောင်တောမြို့နယ်၊ ဒုချီးရားတန်းမှာ ဇန်န၀ါရီလ (၁၄) ရက်နေ့တွင် အကြမ်းဖက်မှု တစ်ရပ် ဖြစ်ပွား ခဲ့သည့် အတွက် အစ္စလာမ် ဘာသာဝင် အမျိုးသမီး များနှင့် ကလေးငယ်များ အသတ်ခံရကြောင်း၊ 

မောင်တောမြို့နယ် ဒေသခံ တစ်ဦး၏ အဆိုအရ သေဆုံးသူ (၄၀)ခန့်ရှိကြောင်း၊ သေဆုံးသူ အချို့၏ ဒဏ်ရာများမှာ ဓါးဒဏ်ရာများသာ ဖြစ်ကြောင်း တဖက်သတ် စွပ်စွဲ ဖော်ပြခဲ့ သဖြင့် ဇန်န၀ါရီလ (၁၇) ရက်နေ့တွင် ပြန်ကြားရေး ၀န်ကြီးဌာန၊ ဒုတိယ ၀န်ကြီး၊ ပုဂံမြို့တွင် ကျင်းပသော အာဆီယံ အဖွဲ့ဝင် 
နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေးများ သတင်းထောက်များအား သတင်းမှားများသာ ဖြစ်ကြောင်း ရှင်းလင်းခဲ့ပြီး ဖြစ်ပါသည်။ 

ယခု ဖြစ်ရပ်သည် ပြစ်မှုထိုက်သော အကြမ်းဖက်မှုကို ကျူးလွန်ခဲ့ကြခြင်းဖြစ်ပြီး တရားခံများ ဖမ်းဆီး ရမိရေးနှင့် တာဝန် ထမ်းဆောင်ရင်း ပျောက်ဆုံးနေသော တပ်ဖွဲ့ဝင် တစ်ဦးနှင့် နိုင်ငံ ပိုင် လက်နက် ခဲယမ်းများ ပြန်လည် ရရှိရေး တရားဥပဒေ စိုးမိုးရေးနှင့် ရပ်ရွာ အေးချမ်းသာယာရေးတို့ မပျက်ပြား စေရေး အတွက် လုံခြုံရေး တပ်ဖွဲ့များက အရှိန် အဟုန်မြှင့် ဆောင်ရွက် လျက်ရှိနေသကဲ့ သို့ ပြည်သူ လူထု ကလည်း မိမိတို့ စွမ်းဆောင်နိုင်သမျှ ဘောင်အတွင်းမှ နေပြီး ရဲတပ်ဖွဲ့သို့ ၀ိုင်းဝန်း ကူညီ ဆောင်ရွက် ကြပါရန်၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က မေတ္တာ ရပ်ခံ ထားကြောင်းနှင့် အချို့သော သတင်းဌာနများနှင့် သံတမန် အချို့၏ ပြောဆို ဝေဖန် နေမှု များမှာ မဟုတ် မမှန်ကြောင်း ပြန်ထဲရေး ၀န်ကြီးဌာနမှ သိရပါသည်။







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved