မြဝတီမြို့မှာ NDF ပါတီခရိုင်ရုံး ဖွင့်

Saturday, January 11, 2014

~


အမျိုးသားဒီမိုကရေစီအင်အားစုပါတီ(NDF) က မြ၀တီခရိုင်ရုံးဖွင့်ပွဲကို ဇန်န၀ါရီ ၅ ရက်နေ့က  ကျင်းပခဲ့ပါတယ်။
 



NDF ပါတီ ဒုဥက္ကဋ္ဌ ဦးစိန်လှဦး [ဓာတ်ပုံများ  - မန်းမျိုးမြင့်(မီဒီယာ)]
 NDF ပါတီ ဒုဥက္ကဋ္ဌ ဦးစိန်လှဦးက မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ် ထွန်းကားရေးဆိုင်ရာ ရဲရဲတောက်မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။

ခရိုင်ရုံးတည်ရှိတာကတော့ ကရင်ပြည်နယ် မြ၀တီမြို့အမှတ် ၄ ရပ်ကွက် ဘုရင့်နောင်လမ်းမကြီးဘေးမှာ ဖြစ်ပါတယ်။

ဒီရုံးဖွင့်ပွဲကို ဒေသခံ နိုင်ငံရေးသမားတချို့လည်း တက်ရောက်အားပေးခဲ့ကြပါတယ်။

ဒီပွဲကိုလာတက်တဲ့ မြ၀တီမြီု့ခံတဦးက "ပြည်သူတွေရဲ့အကျိုးကို အမှန်တကယ်ဆောင်ရွက်ပေးမဲ့ ဘယ်နိုင်ငံရေးပါတီမဆို လူထုထောက်ခံမှုကို အပြည့်အ၀ရရှိမှာပဲ၊ မမှန်မကန်လုပ်တဲ့ နိုင်ငံရေးပါတီတွေကတော့ ဘယ်လောက်ပဲ အင်အားကြီးမားပါစေ မလွဲမသေ မြောင်းထဲရောက်သွားမှာသေချာတယ်" ဆိုပြီး သုံးသပ်ပြောဆိုပါတယ်။













.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved