ပါတိတ်အထည်ပေါ်က ဒီဇိုင်း

Sunday, February 2, 2014

~

ပါတိတ်လုံချည်မှာ ၉၆၉ နံပါတ်တွေ တွေ့ရတယ်၊ ဒီလုံချည်ကို ရည်ရွယ်ချက်ရှိရှိဖြန့်နေတယ် ဆိုပြီး ရေးသားပြောဆိုမှုတချို့ ထွက်ပေါ်နေပါတယ်။

ဒီဇိုင်းမှာတော့ ၉၈၆ပ၉ လို့ ယူဆရတာတွေကိုတော့ တွေ့ရပါလိမ့်မယ်။  

ဒီ ဒီဇိုင်းပါတဲ့ အထည်တွေကို ဘယ်ဒေသတွေမှာ ဘယ်သူတွေ ဖြန့်တယ်၊ ဘယ်တုန်းကဖြန့်တယ် ဆိုတာ မသိရကြောင်း ရေးနေကြပါတယ်။

ဘယ်နိုင်ငံက သွင်းလာတယ်၊ ဘယ်ဈေးနဲ့ ဘယ်မှာ ၀ယ်လို့ရတယ် ဆိုတာလည်း မသိရသေးပါဘူး။

ဒါတွေဟာ ဒီဇိုင်းသမားရဲ့ ဖန်တီးချက်သက်သက်လား၊ ၉၆၉ ဆိုတဲ့ ဂဏန်းနဲ့ နည်းနည်းပါးပါး ဆင်တူအောင် ရည်ရွယ်ချက် ရှိရှိ လုပ်ထားသလား ဆိုတာလည်း တချို့သောသူတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။

တချို့ကလည်း ဒီရဲ့ ဒီဇိုင်းဟာ မရှင်းမရှင်း ဖြစ်နေတယ်လို့ ဆိုပါတယ်။

တချို့ကလည်း ဒီ ဒီဇိုင်းက ရှင်းနေတာပဲ လို့ ဆိုပြန်ပါတယ်။

ဈေးကွက်ထဲရောက်နေတဲ့၊ ဝတ်ဆင်နေကြတဲ့ ပါတိတ်အထည်များရဲ့ ဒီဇိုင်းတချို့ အင်တာနက်ထဲ ရောက်လာပြီး အလေးအနက် ပြောဆိုနေကြကြောင်း သိရအောင် ဒီဇိုင်းတခုကို အထက်ပါအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved