~
ထွန်းမရ၊
၁၈ နှစ်၊
Civil တတိယနှစ်၊ နည်းပညာတက္ကသိုလ်၊ သံလျင်
-
- ကျနော့် အနာဂတ်အိပ်မက်စိတ်ကူးက အင်ဂျင်နီယာပေါ့။ ငယ်ငယ်ကတည်းက အင်ဂျင်နီယာတယောက် ဖြစ်ချင်ခဲ့တာ။
နောက်တခုက သီချင်းလည်း ရေးချင်တယ်။
သီချင်းအမျိုးအစားထဲမှာ Rock N Roll သူ ကြိုက် တယ်။ အင်တာနေရှင်နယ် သီချင်းတွေထဲမှာ နားထောင်ဖြစ်တာက Guns N’Roses ၊ Aeerosmith နဲ့ Bon Jovi တို့ သီချင်းတွေ နားထောင်ဖြစ်တယ်။
အခု လတ်တလော နားထောင်ဖြစ်နေတဲ့ သီချင်းက Guns N’Roses ရဲ့ Don’t Cry ဆိုတဲ့ သီချင်းကို နားထောင်ဖြစ်တယ်။ အဲဒီသီချင်း တော်တော်မိုက်တယ်။
မြန်မာပြည်မှာတော့ ထူးအယ်လင်းကို ကြိုက်တယ်။ သူလည်း မိုက်တယ်။ မြန်မာသီချင်းတွေတော့ သိပ်မကြိုက်ဘူး။
ထူးအယ်လင်း ဆိုထားတဲ့ထဲက နောက်ဆုံးထွက်ထားတဲ့ အခွေထဲက“အချစ်လို့ခေါ်လား” ဆိုတဲ့တပုဒ်ကို ကြိုက်တယ်၊ နားထောင်ဖြစ်တယ်။
ဂီတာတီးသင်ဖို့ စဉ်းစားထားတယ်။ အခု ကျောင်းတဖက် နဲ့မို့လို့ မသင်ဖြစ်သေးဘူး။ ဂီတာသမားထဲမှာ Guns N’ Roses အဖွဲ့ထဲက Slash ကို ကြိုက်တယ်။ သူတီးတာတွေ အရမ်းမိုက်တယ်။
ရုပ်ရှင်ကားတွေဆို သရဲကားတွေကြည့်ရတာ ကြိုက်တယ်။ The Walking Dead ဆိုတဲ့ ဇာတ်ကားကို ကြိုက် တယ်။ အခုနောက်ဆုံး ကြည့်ဖြစ်ထားတာက Super Natural နဲ့ Hobbit ဆိုတဲ့ ဇာတ်ကားတွေပါ။
မြန်မာ ဇာတ်ကားတွေတော့ တခါတလေမှပဲ ကြည့်ဖြစ်တယ်။ သရုပ်ဆောင်ထဲမှာတော့ နေတိုးကို ကြိုက်တယ်။
စာပေအမျိုးအစားထဲမှာ ဟာသစာပေ အမျိုးအစား ဖတ်ရတာကြိုက်တယ်။ စာရေးဆရာ နီကိုရဲ ရေးတဲ့ ဟာသ ဝတ္ထုတွေ ဖတ်ဖြစ်တယ်။
အဝတ်အစားဆိုရင် ဂျင်းဘောင်းဘီ Rider ဝတ်ရတာ ကြိုက်တယ်။ Rider ကို အခု နောက်ပိုင်း လူငယ်တွေ သိပ်မသိကြတော့ဘူး။ Rider ကို All Star Boots နဲ့ တွဲဝတ်ရတာ ကြိုက်တယ်။
အင်္ကျီဆိုရင် Body Fit ဝတ်ရင်ဝတ်၊ မဝတ်ရင် Country Shirt ဝတ်ရတာ သဘောကျတယ်။
- အားကစားမှာ Gym ဆော့တာ ဝါသနာပါတယ်။
တပတ်ကိုသုံးရက် ညနေဘက်တွေ ဆော့ဖြစ်တယ်။ Gym ဆော့ရတဲ့ ရည်ရွယ်ချက်ကတော့ ကိုယ်ခန္ဓာကြံ့ခိုင်ဖို့ပေါ့။
ပန်းချီဆွဲရတာလည်း ဝါသနာပါတယ်။ မှတ်မှတ်ရရ ၇ တန်း လောက်က ပန်းချီပြိုင်ပွဲတခုမှာ ဂျပန်နိုင်ငံကပေးတဲ့ ဆုရဖူးတယ်။ အင်တာနက် သုံးရင် သီချင်းတွေပဲ ကြည့်တယ်။ ကျန်တာ ဘာမှမလုပ်ဘူး။
Facebook တို့၊ ဘာတို့ အာရုံအရမ်းနောက်တယ်။
သီချင်းတွေကြည့်တယ်။ ကိုယ်ကြိုက်ရင် နားထောင်တယ်၊ မကြိုက်ရင် နားမထောင်ဘူး။ နောက်ပိုင်း Electro တွေပဲထွက်တော့ သိပ်စိတ်မဝင်စားတော့ဘူး။
ဂိမ်းတော့ ဆော့ဖြစ်တယ်။ ဂိမ်းဆော့ရင် Zombies တွေပစ်တဲ့ ဂိမ်းမျိုးဆော့ရတာကို ကြိုက်တယ်။ သရဲတွေကို ပစ်ရတာမိုက်တယ်။
နယူးရီးယားတုန်းက အိမ်မှာပဲ သူငယ်ချင်းတွေနဲ့ သောက်တယ်၊ စားတယ် အဲဒီလိုပဲ ဖြတ်သန်းခဲ့တယ်။
ချစ်သူတော့ မရှိသေးဘူးဗျ။
ဒီနှစ် Valentimes’ Day တော့ တယောက်တည်းပဲပေါ့။ ချစ်သူထားမယ်ဆိုရင်တော့ ငြိမ်ငြိမ်ဆိမ်ဆိမ်ဖြစ်တဲ့ မိန်းကလေးမျိုးကို ထားချင်တယ်။
ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်၊ Lifestyle စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်
.

- သီဟတိုး
ခေတ်တိုင်း ခေတ်တိုင်းမှာ လူငယ်ဆိုတာ သူတို့ ဖြတ်သန်းရတဲ့ ခေတ်အခြေအနေ၊ ကြုံတွေ့ရတဲ့ စီးပွားရေး၊ နိုင်ငံရေး ဘယ်လိုပဲ ကွာခြားကွာခြား မျှော်လင့်ချက်တွေ၊ လန်းဆန်းတက်ြွကမှုတွေနဲ့ နောင်တချိန်မှာ လူကြီး ဖြစ်ဖို့ အားယူနေကြတဲ့သူတွေချည်းပါ။ လူငယ်တွေ လျှောက်တဲ့လမ်းမှာ ခေတ်ရေစီး အပြောင်းအလဲအတက် အကျတွေ တပါတည်း ပါလာတတ်စမြဲဖြစ်ပါတယ်။
ဒါကြောင့် လူငယ်တွေပြောတဲ့ စကားတွေကနေတဆင့် ဒီနေ့ခေတ် ဘဝနေနည်း ပုံစံကွဲလွဲမှု၊ ခေတ်ရေစီးအပြောင်းအလဲ စတာတွေကိုလေ့လာပြီး သူတို့ရဲ့ အသံတွေကို The Irrawaddy က အပတ်စဉ်ဖော်ပြသွားမှာ ဖြစ်ပါတယ်။
ဇန်န၀ါရီ ၁၉ ရက်နေ့ထုတ် The Irrawaddy ဂျာနယ်၊ Lifestyle စာမျက်နှာကနေ ကူးယူ ဖော်ပြပါတယ်
.
0 comments :
Post a Comment