ဧရာမကျောက်စိမ်းတုံးကြီး ဖားကန့်မှာ တူးဖော်ရရှိ

Wednesday, February 19, 2014

~


ကချင်ပြည်နယ် ဖားကန့်မှာ တန် ၂ဝ လေးတဲ့ ဧရာမ ကျောက်စိမ်းတုံးကြီး တူးဖော်ရရှိတာကြောင့် လုံခြုံရေးအစီအစဉ်တွေ တိုးချဲ့တဲ့အနေနဲ့ အစိုးရက စစ်အင်အား အများအပြား အဲဒီဒေသကို ပို့ထားလိုက်ပါပြီ။
   -

ကျောက်စိမ်းဒေသ ဖားကန့်မြို့ပြင်တနေရာ (ဓာတ်ပုံ - စောရန်နိုင် / ဧရာဝတီ)
 -
ဖေဖော်ဝါရီ ၉ ရက်နေ့က ဒီကျောက်တုံးကြီးကို တွေ့ခဲ့တယ်၊ ဒီတွေ့ရှိမှုအပြီး ဖားကန့်မှာ စစ်သားတွေ၊ ရဲတွေနဲ့ လုံခြုံရေး တင်းကြပ်ထားတယ်လို့ ဧရာဝတီသတင်းစာမျက်နှာ http://www.irrawaddy.org/burma/burma-army-deployed-guard-20-ton-jade-stone.html မှာ ရေးထားပါတယ်။

ကျောက်စိမ်းတုံးကြီးအကြောင်းနဲ့ ပတ်သက်ပြီး ဒေသခံ နိုင်ငံရေးသမားတဦးဖြစ်သူ ဦးရွှေသိန်းက ပြောပြပါတယ် -
ကျနော်တို့ သိသလောက်ဆိုရင် ကျောက်စိမ်းတုံးကြီးက ၁၈ ပေ မြင့်တယ် လို့ ဆိုတယ်။
သူက NLD ပါတီ  ဖားကန့်ရုံးခွဲရဲ့ ဥက္ကဋ္ဌပါ။

အဲဒီကျောက်စိမ်းတုံးကြီး ရှာတွေ့ခဲ့တဲ့နေရာကို လုံခြုံရေး တင်းကြပ်ထားလို့ ရေမဆေးကျောက်ရှာသူတွေ ခါတိုင်းလို ၀င်ထွက်သွားလာခွင့် မရတော့ဘူးလို့ သူက ဆက်ပြောပါတယ်။

မြန်မာပြည်ကထွက်တဲ့ ကျောက်စိမ်းရဲ့ အရည်အသွေးက ကမ္ဘာပေါ် အကောင်းဆုံးပါပဲ။
ကျောက်စိမ်းထွက်ရှိရာ ဖားကန့်ဒေသက စစ်ပွဲတွေဖြစ်ရာဒေသဝန်းကျင်မှာ တည်ရှိနေပါတယ်။ KIA နဲ့ အစိုးရတပ်တို့ စစ်ခင်းနေကြတဲ့ဒေသပါ။

အဲဒီဒေသထွက် ကျောက်စိမ်းတွေက နယ်စပ်ဖြတ်ပြီး တရုတ်ပြည်ရောက်သွားတာ အများအပြားပါပဲ။ တရားမ၀င် ဖြတ်တဲ့အတွက် မြန်မာပြည်က အခွန်ငွေ မရပါ။

ဖားကန့် ကျောက်တွင်းတွေမှာ လုပ်ကိုင်ခွင့်ရသူများကတော့ တရုတ်လုပ်ငန်းရှင်တွေ၊ မြန်မာခရိုနီတွေပါပဲ။ လုပ်ကိုင်နေတဲ့ထဲမှာ အစိုးရတပ်ရဲ့ စီးပွားရေးလက်တံဖြစ်တဲ့ မြန်မာ့စီးပွားရေး ဦးပိုင် လီမိတက်လည်း ပါပါတယ်။


မူရင်းသတင်းအပြည့်အစုံ

Burma Army Deployed to Guard 20-Ton Jade Stone
 http://www.irrawaddy.org/burma/burma-army-deployed-guard-20-ton-jade-stone.html

ကျောက်စိမ်းတုံးက တန် ၂၀ ထက်လည်း ပိုနိုင်ပါတယ်။

ဒီလောက်ကြီးတဲ့ ကျောက်စိမ်းတုံးကြီး ကချင်ပြည်နယ်မှာ တူးဖော် တွေ့ရှိတာ ပထမဆုံးအကြိမ်တော့ မဟုတ်ပါဘူး။

၁၉၈၀ ဝန်းကျင်တုန်းကလည်း ဒီလိုမျိုး အရွယ်အစား ကြီးမားလွန်းတဲ့ ကျောက်စိမ်းတုံးကြီးကို ရခဲ့ပါသေးတယ်။

အဲဒီကျောက်စိမ်းတုံးကြီးကို ရန်ကုန်မြို့ ကျောက်မျက်ပြတိုက်မှာ ပြသထားပါတယ်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved