၈၈မျိုးဆက်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ

Tuesday, February 4, 2014

~


၈၈ မျိုးဆက်တွေ ဒီကနေ့ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပါတယ်။

တွေ့ဆုံမှုနဲ့ပတ်သက်ပြီး ၈၈ မျိုးဆက်တွေဆီက ကြေညာချက် မကြာခင် ထွက်ပေါ်လာဖွယ် ရှိပါတယ်။ 

 


တွ့ဆုံမှုသတင်းကို ၈၈ မျိုးဆက် အွန်လိုင်းကနေ ကူးယူ ဖော်ပြလိုက်ပါတယ်။


၈၈မျိုးဆက်များ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ
=============================
ယနေ့ ဖေဖော်ဝါရီလ ၄ ရက်၊ ညနေ ၄း၀၀ နာရီအချိန်က နေပြည်တော်ရှိ အမှတ်(၂) စည်ပင်ဧည့်ဂေဟာ ပြည်သူ့လွတ်တော်ကိုယ်စားလှယ်များ အဆောင်၊ အမှတ် ၂၇/၂ ပုဗ္ဗာသီရိမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော်၏ ဧည့်ခန်းမဆောင်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်း)မှ မင်းကိုနိုင်၊ ကိုကိုကြီး၊ ပြုံးချို၊ ဂျင်မီ နှင့် မြအေးတို့သည် မိနစ်လေးဆယ်ကြာ တွေ့ဆုံခဲ့ကြပြီး အနာဂတ် မြန်မာ့နိုင်ငံရေးရာများအတွက် ဆွေးနွေးခဲ့ကြသည်။





.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved