ရန်ကုန်မြို့နဲ့ ပြိုင်ကား သောင်းကျန်းမှု နောက်ဆက်တွဲသတင်း

Thursday, February 20, 2014

~


တနင်္ဂနွေနေ့က ရန်ကုန်မြို့ ပြည်လမ်းပေါ်မှာ အငှားယာဉ်တစီး၊ ယာဉ်မောင်းသူ၊ ခရီးသည်တို့ကို ဝိုင်းဝန်းရိုက်နှက်ခဲ့မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါပြီ။
 -
 


 -အရိုက်ခံရသူတွေ ဆေးရုံရောက်၊ ကား ပတ်ပတ်လည်မှန်တွေလည်း ကွဲပါတယ်။

ဒီအမှုမှာ ပတ်သက်ဖွယ်ရှိတဲ့ကားတွေထဲက ပြိုင်ကားတစီးကို သိမ်းလိုက်ပြီ၊  ပြစ်မှုကျူးလွန်သူလို့ ယူဆရသူတွေထဲကတချို့  နယ်ဘက်ကို တိမ်းရှောင်နေတယ်လို့ သတင်းထဲမှာ ရေးထားပါတယ်။

ရန်ကုန်မြို့ နဲ့ ပြိုင်ကား သောင်းကျန်းမှု  
http://blog.irrawaddy.org/2014/02/blog-post_18.html

ဒီကနေ့ရက်စွဲနဲ့ ရဲတပ်ဖွဲ့ထုတ်ပြန်တဲ့သတင်းကို မူရင်းအတိုင်း ကူးယူ ဖော်ပြလိုက်ပါတယ်။

ပြိုင်ကားအုပ်စုဖြင့် အငှားယာဉ်မောင်းအား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ဖျက်ဆီးခဲ့သည့် အမှုမှပြိုင်ကားတစ်စီးသိမ်းဆည်းရမိ

ရန်ကုန်၊ဖေဖော်ဝါရီ ၂၀

၁၆.၂.၂၀၁၄ရက်နေ့ ၀၁၁၅အချိန် ကိုသက်ဇော်ဝင်း မောင်းနှင်သည့် ၈က/၈၂၇၄ အငှားယာဉ်အား ပြိုင်ကားများမှ ကျော်တက်ပိတ်ရပ်ကာ ယာဉ်ပေါ်ပါ ယာဉ်မောင်းနှင့် ခရီးသည် ကိုအင်ထိတ်ကြန့် တို့အား ရိုက်နှက်ထိုးကြိတ်ပြီး အငှားယာဉ်အား ထုရိုက်ခဲ့သဖြင့် လှိုင်မြို့မရဲစခန်း(ပ)၇၂/၂၀၁၄၊ ပုဒ်မ ၄၄၀/၄၂၇/၃၂၅/၁၁၄ဖြင့် အမှုဖွင့်ပြီး ပြစ်မှုကျူးလွန်သူများနှင့် ပြိုင်ကားများအား ဖမ်းဆီးရမိရေး ဆောင်ရွက်ခဲ့ပါသည်။

အမှုမှ အလိုရှိသည့် ပြိုင်ကားများအနက် ၉ဂ/၇၄၁၄ Nissan Fairlady အဖြူရောင်ပြိုင်ကားအား ၁၉.၂.၂၀၁၄ရက်နေ့ ၀၂၅၀အချိန်တွင် မရမ်းကုန်းမြို့နယ်၊ (၆)ရပ်ကွက်၊ တော်ဝင်ချယ်ရီအိမ်ရာမှ သိမ်းဆည်းရမိပြီး ပြစ်မှုကျူးလွန်သူဟု မသင်္ကာသူ ဇာနည်ထက်ဝေ၊ ကိုကိုနိုင်တို့မှာ မကွေးတိုင်းဒေသကြီး၊ ပခုက္ကူဘက်သို့ ထွက်ပြေးတိမ်းရှောင်သွားကြောင်းသိရှိရသဖြင့် သက်ဆိုင်ရာတိုင်းဒေသကြီးနှင့်ချိတ်ဆက်ပြီး တရားခံဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved