မြန်မာနယ်စပ်နား ဘင်္ဂလားဒေ့ရှ်စစ်ရေးလေ့ကျင့်မှု

Thursday, February 6, 2014



~


  

ဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာ နယ်စပ်နား စစ်ရေးလေ့ကျင့်မယ်  တဲ့။ နေပြည်တော် သမ္မတရုံးညွှန်မှူးက အွန်လိုင်းမှာ ရေးထားပါတယ်။
 



စစ်တကောင်းဒေသ ၂၀၁၂ ခုနှစ် ဘင်္ဂလားဒေ့ရှ် အမေရိကန် ပူးတွဲ စစ်ရေးလေ့ကျင့်မှု မြင်ကွင်းတခု (ဓာတ်ပုံ - အမေရိကန်စစ်တပ်)
စစ်ရေးလေ့ကျင့်မယ့်အကြောင်း မြန်မာအစိုးရကို ကြိုတင် အသိပေးထားတယ်လို့လည်း ဆိုပါတယ်။

အွန်လိုင်းသတင်းဟောင်းတချို့မှာ ဖော်ပြထားချက်အရ ဆိုရင် ဘင်္ဂလားဒေ့ရှ်က စစ်တကောင်းဒေသမှာ စစ်ရေးလေ့ကျင့်မှုတွေ လုပ်ဖူးတယ်လို့ ဆိုပါတယ်။

၂၀၀၈၊ ၂၀၁၂ တို့မှာ အမေရိကန်တပ်နဲ့တွဲပြီး လုပ်တာလို့ ဆိုပါတယ်။

သမ္မတရုံးညွှန်မှူးမှာ ဖော်ပြထားတဲ့ မြေပုံ နဲ့ သတင်းအချက်အလက်တွေကို မူရင်းအတိုင်း ဖော်ပြပေးလိုက်ပါတယ်။

● စိန့်မာတင်ကျွန်း စစ်ရေးလေ့ကျင့်မှု သတင်း ●
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
● ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ စစ်တကောင်းနှင့် စိန့်မာတင် (၂)နေရာတွင် ပုံမှန် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည့် အကြောင်းကို ဘင်္ဂလားဒေ့ရှ်ရှိ မြန်မာသံရုံး၊ မြန်မာစစ်သံမှူးတို့အား ကြိုတင်အသိပေးထားပြီး ဖြစ်ပါသည်။

● နိုင်ငံတကာဆက်ဆံရေးတွင် ပုံမှန်အားဖြင့် နိုင်ငံတစ်နိုင်ငံက အခြားနိုင်ငံနှင့် နီးကပ်သည့် နယ်စပ်များ၊ ရေပြင်များ၊ ဝေဟင်များတွင် စစ်ရေးလေ့ကျင့်မှု ပြုလုပ်မည် ဆိုပါက သက်ဆိုင်ရာ အိမ်နီးချင်းနိုင်ငံများကို ကြိုတင် အသိပေးအကြောင်းကြားခြင်းအမှုကို ပြုကြရပါသည်။

● အကယ်၍ ကြိုတင်အသိပေးအကြောင်းကြားခြင်း မရှိဘဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်ခဲ့ပါက ခြိမ်းခြောက်ရာ ရောက်ပါသည်။ ယခုကိစ္စမှာ ကြိုတင်အသိပေးထားသည့် ကိစ္စ ဖြစ်ကြောင်း သိရှိရပါသည်။

● မြန်မာ့တပ်မတော်မှ ကြည်းတပ်၊ ရေတပ်နှင့် လေတပ်တို့အနေဖြင့်လည်း အကြောင်းကြောင်းကြောင့် အရေးပေါ်ကူညီကယ်ဆယ်ရေးကိစ္စရပ်များ ပေါ်ပေါက်လာလျှင် ဆောင်ရွက်နိုင်ရန်၊ မမျှော်မှန်းနိုင်သော အခြေအနေများ ဖြစ်ပေါ်လာလျှင် အသင့်ရှိစေရန် ကြိုတင်ပြင်ဆင် တပ်ပြင်ထားပြီး ဖြစ်ကြောင်းလည်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးမှ သိရှိရပါသည်။



.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved