ခန့်မှန်းရခက်နေတဲ့ ကျောက်စိမ်းတုံးကြီးအလေးချိန်

Friday, February 21, 2014

~



ကချင်ပြည်နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ရှာဖွေတွေ့ရှိခဲ့တဲ့ ကျောက်စိမ်းတုံးကြီးက တန်ချိန် ၅ဝ လောက် ရှိလိမ့်မယ်လို့ ခန့်မှန်းနေကြပါတယ်။
 -



ကျောက်စိမ်းတုံးကြီးကို နေရာ မရွှေ့ရသေးဘူး၊ ထွက်လာအောင် တူးနေတုန်းပဲဖြစ်တဲ့အတွက် အလေးချိန် ဘယ်လောက် ရှိမယ် ဆိုတာကို တိတိကျကျ မသိရသေးပါဘူး ဆိုတဲ့အကြောင်း
ဧရာဝတီသတင်းစာမျက်နှာ http://www.irrawaddy.org/burma/kpakant-jade-stone-estimated-50-tons.html မှာ ရေးထားပါတယ်။

ကနဦးခန့်မှန်းချက်တွေက တန်ချိန် ၂၀ လို့ ဆိုကြတာပါ။ အရွယ်အစား ဘယ်လောက်ရှိတယ်ဆိုတာ မသိရသေးတော့ အခုချိန်အထိ ခန့်မှန်းချေတွေပဲ ရှိနေပါသေးတယ်။

ထင်ထားတာထက် ကျောက်စိမ်းတုံးက အရွယ်အစား ကြီးမားနေတယ်လို့ ဆိုတယ်။

လုံခြုံရေးကိုတော့ အထူး တင်းကြပ်ထားတာပါ။
စစ်တပ်အင်အား တိုးချထားတဲ့ အဲဒီနေရာကို ကျောက်ရှာတဲ့ တကိုယ်တော် ကျောက်သမားတွေ အနားမကပ်နိုင်ပါ။
ခါတိုင်းဆိုရင် ရေမဆေးကျောက် ရှာတဲ့သူတွေ အဲဒီနေရာမှာ သွားလာ ရှာဖွေ လုပ်ကိုင်စားသောက်နေကျ ဖြစ်ပါလိမ့်မယ်။

အပေါ်ပုံကတော့ လူတရပ်အမြင့်လောက်ရှိမယ့် ကျောက်စိမ်းတုံးရှိရာကို သွားနေသူတချို့ပါ။
အောက်ပုံတွေကတော့ ကျောက်စိမ်းတုံး အနီးကပ် မြင်ကွင်းများပါ။


ဆက်စပ်သတင်း ၂ ပုဒ်၊ ၀တ္ထုတို ၁ ပုဒ် လင့်တွေကို ဖော်ပြပေးလိုက်ပါတယ်။

ကျောက်စိမ်းတုံးကြီး ၂ တုံး လိမ်လည်မှု

 http://blog.irrawaddy.org/2012/03/blog-post_1432.html

ကမ္ဘာ့အကြီးဆုံး ကျောက်စိမ်းတုံးကြီး ရန်ကုန်တွင် ရှိနေသည်
http://blog.irrawaddy.org/2014/02/blog-post_256.html

ထောင်ကျောက်
http://blog.irrawaddy.org/2012/09/blog-post_9.html







.

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved