လက်ပံတောင်းမှာ လယ်ယာမြေ လျော်ကြေး သိန်း ၇၀၀၀ ကျော် ထုတ်ပေး

Monday, February 10, 2014

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း နယ်မြေအတွင်း မြေယာစွန့်လွှတ်ခဲ့ရတဲ့ ဒေသခံ တောင်သူတွေကို  
မြေယာထောက်ပံ့ကြေး ကျပ်ငွေ သိန်း ၇၀၀၀ ကျော် ထုတ်ပေးခဲ့ပြီးဖြစ်တယ်လို့ ဒီကနေ့ထုတ် နိုင်ငံပိုင် 
ကြေးမုံသတင်းစာမှာ ဖော်ပြထားပါတယ်။ 


ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၃ ရက်နေ့က စတင်ပြီး ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးတွင် လယ်မြေ ၁ ဧကလျှင် ကျပ် ၁၂ သိန်း၊ ယာမြေ (ဦးပိုင်ပေါက်) ၁ ဧကလျှင် ကျပ် ၈ သိန်း၊ ယာမြေ (ဦးပိုင် မပေါက်) ၁ ဧကလျှင် ကျပ် ၃ သိန်းနှုန်းတွေနဲ့ ထုတ်ပေးနေတာဖြစ်ပြီး  တောင်သူ ၃၆၉ ဦး၊ မြေဧက ၁၀၇၉ ဒသမ ၃၅ ဧက အတွက် ကျပ်ငွေ ၇၀၂၆ ဒသမ ၇၂ သိန်း ထုတ်ပေးပြီး ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။ 

အခုလို မြေယာလျော်ကြေးငွေတွေ ပေးဖို့အတွက် လက်ပံတောင်းစုံစမ်းရေး ကော်မရှင် ဖွဲ့စည်းပြီး အစီရင် ခံစာအရ အကောင်အထည်ဖော်ရေး ကော်မတီက လုပ်ဆောင်တာလည်းဖြစ်ပါတယ်။ 

အရင်ကလည်း မြေယာလျော်ကြေး ပေးမှုတွေမှာ အငြင်းပွားမှုတွေဖြစ်ခဲ့လို့ သိသိသာသာအောင်မြင်မှု မရှိခဲ့ တာတွေလည်း ဖြစ်ခဲ့ပါတယ်။ 

တချို့သတင်းတွေအရ မြေယာလျော်ကြေး လက်မခံတဲ့ ဒေသခံ လယ်သမားတွေလည်း ရှိတယ်လို့ သိရပြီး သူတို့အဆိုအရ လက်ငုတ်လက်ရင်း မူလ လယ်ယာမြေတွေမှာပဲ ဆက်လက်စိုက်ပျိုးသွားလိုတာကြောင့် လို့ ဆိုနေကြပါတယ်။ 








 

0 comments :

Post a Comment

 
Copyright © 2014 Irrawaddy Publishing Group. All Rights Reserved